-ကျောင်းကိုမသွားခင် မေမေအိမ်သို့ဝင်ကာ မေမေ့ကိုနှုတ်ဆက်ရန်ထွက်လာခဲ့သည်။ သူ့နောက်သို့လည်း မလှမ်းမကမ်းက jayက ထပ်ကြပ်မကွာလိုက်လာခဲ့သည်။ -

"မေမေရေ....ညီလေးရေဆောနူ။ "

"အော် yeonjun hyung။
ပါမောက္ခကြီးရေ... hyungလာတယ်။ "

"သားလေး....လာပြီလား။ "

"ဟုတ် မေမေ။
နေကောင်းရဲ့လား"

"ကောင်းပါတယ်။
Taehyunလေးမရှိတော့ မေမေတို့နှစ်ယောက်တည်းခြောက်ကပ်ကပ်"

"သားလည်း လာနေလို့ရရင် လာနေတာပေါ့မေမေရယ်...ဟိုဖက်မှာလည်း ဖေဖေကတစ်ယောက်တည်းရယ်...။ "

"သားဖေဖေကပိုအရေးကြီးတယ် သားရဲ့။
ယောက်ျားကြီးဖြစ်ပြီး အသည်းကနုပါ့....ငိုရင်လည်းမပြီးတော့ဘူး။ "

-မေမေပြောသောဖေဖေ၏အတင်းကြောင့် yeonjun ရီမိသွားသည်။ ဖေဖေတော့အားနာပါ၏။ -

- 8:30တာနဲ့ မေမေကိုနှုတ်ဆက်ကာ ကျောင်းကိုတကယ်ဦးတည်ရတော့သည်။ ခြံဝမှာ မေ​မေက ယောန်ဂျွန်းကိုဖက်ကာ နှုတ်ဆက်လိုက်သည်။ ထိုသည်ကို jayကလည်း အလျင်အမြန်ဓာတ်ပုံရိုက်ထားလိုက်သည်။ ဒီကြားထဲ camera flashlightကထပွင့်လာသေးလို့လန့်သွားရသည်။ ပုံကောင်းလေးတော့ရလိုက်ပါရဲ့။ -
.
.
.
Soobin & Taehyun POV:

- ဆေးရုံသို့ရောက်တာနဲ့ မိမိတာဝန်ခံဆရာဝန်ကိုစောင့်နေရသည်။ -

"လူနာချွဲဆူဘင်း....
တာဝန်ခံဆရာဝန်က အထဲဝင်လာလို့ရပြီတဲ့။ "

-အဒေါ်အီကအပြင်မှာစောင့်နေခဲ့ကာ သူနဲ့ထယ်ဟျွန်းကတော့ ဝင်သွားခဲ့သည်။ -

"အော....soobin shi!!
အခြေအနေကောင်းနေတဲ့ပုံဘဲ...လန်းလန်းဆန်းဆန်းပါလား။ "

"ဟုတ်ကဲ့ Jeonghan hyung...အဲ့ ဆရာ..." 

"အဆင်ပြေသလိုခေါ်ပါ....ကုလာပေးတာဘဲ ဘယ်ခုနှစ်ထဲကလည်း။ အဆင်သင့်ဖြစ်ရင် စစမ်းသပ်ရအောင်။ "

"Nae...."

10minutes later....

" အခြေအနေကတော့ အရင်ကထက်စာရင်တော့ ပိုသက်သာလာပြီ။ ဆေးပုံမှန်သောက်ဖို့နဲ့ နောက်တစ်ပတ် ခွဲစိတ်ပြီးရင် ပိုကောင်းလာနိုင်ခြေရှိတယ်။ soobinဘယ်လိုလည်း...ခွဲစိတ်ဖို့သဘောတူလား။ "

Forever[Completed]Where stories live. Discover now