Ep-(23)

148 20 50
                                    

-beomgyuတို့ကိုယ်တိုင်အတန်းပြီးပြီးချင်းမလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမည်စိုး၍ ကန်တင်းသို့ ထထွက်လာခဲ့သည်။ -

"အဲ့မိန်းမက ဘာလို့ဒီလိုလုပ်နေရတာလဲ "

"Beomgyu....
မင်းကို ငြင်းတုန်းကငြင်းခဲ့တဲ့မိန်းမနော်....
အခုမှ တမ်းတမ်းစွဲဖြစ်နေရတဲ့အကြောင်းရင်းတစ်ခုတော့ရှိရမယ်။ "

"ပိုက်ဆံများလား..."

"မဟုတ်ဘူး....
သူတို့အိမ်က ငါ့တို့နဲ့အသင့်အတင့်တူတူလောက်ဘဲ။
ငွေအတွက်တော့ ဒီလိုလုပ်မဲ့ မိန်းမမျိုးမဟုတ်ဘူး။ "

"ထားလိုက်ပါ....ကျက်သရေမရှိအောင်ပြောမနေနဲ့တော့။ မင်းကောင်လေးစောင့်နေလောက်ပြီ။ "

-acting major ဒုတိယနှစ်သိုဝင်ကာ taehyunဆီသွားလိုက်သည်။ အဲ့မှာရုတ်တရက်ကြီး felixဘက်သို့လှည့်ကာ....

"ဒါနဲ့....မနက်ကကိစ္စက ဘယ်လိုဖြစ်တာလည်း။ "

"ဘာ...ဘာကိစ္စလည်း။ "

"Lix.... ကိုယ်သွားပြီ။ အူးမွ..."

-မနက်က hyunjinလုပ်ပြသွားတဲ့အတိုင်း ထပ်တူပြန်လုပ်ပြသော beomgyuကြောင့် felixပါးများရဲတက်လာရသည်။ -

"အဲ့ဒါဘာဖြစ်တာလည်း..." (yj)

"အဲ့ဒါက....beomgyu shiမြင်လိုက်သလိုပါဘဲ။
Hyunjinနဲ့ ကျွန်တော်နဲ့က အဲ့လိုဆက်ဆံရေးပါ။ "

"တကယ်...."

"ဘာဖြစ်တာလည်း.... ဘာကိစ္စလည်း"

"မင်းသိရမှာပေါ့ကွာ။ "

-နားမလည်ဖြစ်နေတဲ့ယောန်ဂျွန်းကို လှမ်းဖက်ကာ သူတို့ ထယ်ဟျွန်းဆီဦးတည်လိုက်သည်။ -
.
.
.
"ဟျောင့်တွေ....
မင်းတို့နှစ်ယောက် မနက်ကကိစ္စကိုရှင်းသင့်တယ်နော်။ "

-ကန်တင်းမှာထိုင်နေကြရင်း beomgyuမှ taehyunပုခုံးကိုဖတ်ထားရင်း hyunjinနဲ့ felixကိုမေးလိုက်သည်။ -

"ဘာကိစ္စလည်း"

-kaiနဲ့ soobinကပါမေးလိုက်သည်။ -

"မနက်က felixကို hyunjinက....

"မှန်တယ်... "

-beomgyuပြောခါနီးfelixက စားပွဲကို လက်ဖြင့်ရိုက်ကာ မတ်တပ်ရပ်ပြီး မှန်တယ် ဟု ထပြောသည်။ -

Forever[Completed]Where stories live. Discover now