အပိုင်း(၃)

Start from the beginning
                                    

''ဘာဘာညာညာလျှောက် မတွေးနဲ့။ဟုတ်ပီလား။အစ်ကိုရှိတယ်။ညီ့ကို တစ်သက်လုံးကာကွယ်ဖို့ အစ်ကိုရှိတယ်''

စိတ်လွတ်နေတဲ့ ကျွန်တော့်ကို အစ်ကိုကအတွေးမများစေဖို့ စကားတွေဖြင့် တည်ငြိမ်အောင်လုပ်ပေးသည်။တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေတဲ့ အခိုက်အတန့်လေးသည် နေဝင်ဆည်းဆာ၏ အနွေးဓာတ်အလှနှင့်အတူ ကုန်ဆုံးသွားသည်။

''အစ်ကိုနွားနို့ကျိုလိုက်ဦးမယ်။ညစာစားပြီးရင်သောက်ဖို့။ညီ ဒီမှာထိုင်နေဦး''

''တစ်နေကုန်အိပ်လိုက်ထိုင်လိုက်နဲ့ ကျွန်တော်အီနေပြီအစ်ကို။အစ်ကို့ကို ကူလုပ်ပေးမယ်လေ''

''ညီ့သဘောပါ''

''ဒါပင်မယ့်ကြက်သားချက်ဖို့ ဆီသတ်မဲ့အချိန် ညီ အခန်းထဲဝင်နေနော်။အညှော်မိပြီး အနာမသက်သာမှာဆိုးလို့။''

''ဟုတ်''

ကျွန်တော်သည် ကျွန်တော့်အိမ်ကိုပစ်ထားပြီး အစ်ကိုအိမ်မှာ ဘယ်လိုစိတ်ကူးဖြင့်လာနေဖို့အထိ ဖြစ်လာလဲမသိ။အနေကျပ်မည်ဟု ထင်ထားသောအတွေးသည် အခု၌ပြောင်းပြန်ကြီးဖြစ်နေသည်။အားငယ်စိတ်အပြည့်ဖြစ်နေသော ကျွန်တော်သည် အစ်ကို့အိမ်၌အားပြည့်နေသည်။အစ်ကိုရှိလျှင်ကို ကျွန်တော်စိတ်ထဲလုံခြုံနေသည်။လူတစ်ယောက်ကို အဲ့လောက်ထိကျွန်တော် မှီခိုနေမိပြီလား။

စားပြီးသောက်ပြီးသည်နှင့် ကျွန်တော်တို့ရုပ်ရှင်ကြည့်ကြသည်။အစ်ကိုကတော့ ပိတ်ရက်မှာအပြီးသတ်ရမဲ့ အလုပ်ကိစ္စရှိသည်ဟုဆိုသောကြောင့် ရုပ်ရုင်အပြီးထိတောင် မကြည့်နိုင်ဘဲ အလုပ်လုပ်လေ၏။ကျွန်တော်ကတော့ အလုပ်မရှိ၊အကိုင်မရှိ အစ်ကိုအိမ်မှာသောင်တင်နေတဲ့ လမ်းဘေးခွေးပေါက်လေးကဲ့သို့ ဇိမ်ကျကျနေနေရသည်။ရုပ်ရှင်ပြီးသော်လည်း အစ်ကိုမပြီးသေး။သူ့စောင့်ရင်း အိပ်ငိုက်လာတဲ့ကျွန်တော်။၁၁ထိုးသော်လည်းအစ်ကိုက မပြီးသေး။တစ်နေကုန်အိပ်ထားသောကျွန်တော်သည် အလုပ်မရှိတော့ သိသိသာသာကိုအရမ်းအိပ်ချင်နေသည်။အိမ်ရှင်ကိုထားပြီး သူ့အိပ်ရာပေါ်ကိုသာ ပြေးတက်အိပ်နေလိုက်တော့သည်။
၁၂နာရီ
တဖြတ်နိုးလာသော်လည်း အစ်ကို မပြီးသေးချေ။ဒီလိုဇိမ်ကျကျနှင့် လုံလုံခြုံခြုံကို ကျွန်တော်ဘယ်အချိန်ထိနေနိုင်မလဲဆိုတာ ကြိုတွေးနေမိသည်။တစ်လလား၊၁ပတ်လား ဒါမှမဟုတ်၁ရက်လည်းဖြစ်နိုင်သည်။

ပဟေဠိဆန်သော မင်းမျက်ဝန်းWhere stories live. Discover now