"ကိုယ်မဖြစ်ပါဘူး..."

သူဟာတခဏလောက်ရပ်သွားပြီး မျက်လုံးများပင့်လာကာ ယွီချင့်ဟွမ်မျက်ဝန်းထဲက အားပေးတိုက်တွန်းမှုတွေကို တွေ့မြင်သွားရသည်။ သူ့အတွေးတွေကို ခက်ခက်ခဲခဲထုတ်ဖော်ပြောဆိုဖို့ နောက်ဆုံးမှာဆုံးဖြတ်လိုက်ပြီး

"အဲ့ဒီအချိန်တုန်းက ကိုယ်စိတ်ဆိုးခဲ့မိတယ် မင်းသူနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ပုံကို ကိုယ်မြင်ခဲ့ရတယ်"

နှုတ်ခမ်းများကိုတင်းတင်းစေ့၍ သူဟာ အခဲမကျေစွာ ကူကယ်ရာမဲ့စွာ ဆက်ပြောလာသည်။

"ချင့်ဟွမ်၊ သူက မင်းကိုကိုယ့်ဆီကနေ လုယူဖို့ကြံစည်နေတာ၊ ကိုယ်...ကိုယ် တကယ်ပဲ အရမ်းကြောက်သွားခဲ့တယ်"

ဟော်ချွီသည် အာရုံခံသိမြင်နိုင်စွမ်းနှင့် စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်းကိုညသင်ယူရန် အတတ်နိုင်ဆုံးကြိုးပမ်းခဲ့သည်။ သို့ပေမယ့် သူဟာ သာမန်လူတယောက်ကဲ့သို့ အခြားသူတွေရဲ့စိတ်ခံစားချက်ကို နားလည်ဖို့မဖြစ်နိုင်ဘူးဆိုတာကို သိနေခဲ့၏။

‌ဆိုရရင် အရင်တခေါက်က သူ့မိခင်ဖြစ်သူ၏ ရုတ်တရက်ထွက်ပေါ်လာသည့်အမျက်ဒေါသ၊ ယနေ့ ချင့်ဟွမ်၏ အေးစက်စက်မျက်နှာထား အစရှိသည်တို့ပင်။အတိတ်က သူ့အတန်းဖော်များနှင့်လုပ်ဖော်ကိုင်ဖက်များ၏ ကျိန်ဆိုစကားများသည် သူ့ဦးနှောက်ထဲတွင် တဝဲလည်လည်ထွက်ပေါ်လာခဲ့သည်။

အရူးကောင်, ဆိုက်ကိုပက့် , ငကြောင် ,ပုံမှန်မဟုတ်တဲ့ကောင်, ငဒူငအ...

သူဘယ်တုန်းကမှဂရုမစိုက်ခဲ့ဘူးတဲ့ မတရားသဖြင့် ကြမ်းကြုတ်ရက်စက်လှတဲ့ မှတ်ချက်စကားတွေဟာ လက်ရှိအချိန်မှာ ထက်မြက်လှတဲ့ဓားသွားတွေအဖြစ် ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး သူ့နှလုံးသားအား တစွက်စွက်နေအောင် ထိုးနှက်လာ၏။

သူဟာအရမ်းကိုအသုံးမကျသလို ခံစားရသည်။ ချင့်ဟွမ်ရှေ့မှောက်မှာ သူထပ်တလဲလဲထုတ်ဖော်ပြောဖူးပါတဲ့ သူရဲ့အထူးအံ့မခန်း IQ ကလွဲရင် သူ့မှာ တခြားဘာအားသာချက်တွေရှိသလဲဆိုတာ ရှာတွေ့ဖို့အနိုင်နိုင်ပါပေ။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now