Part.2

18.9K 191 3
                                    

မြင့်မိုရ်​အောင်​ရေချိုးပြီးသည့်​နောက်တွင်တဘက်၁ထည်ကိုခါးမှာပတ်လျက်​ရေချိုးခန်းထဲမှထွက်လာခဲ့သည်။အ၀တ်အိတ်ထဲမှဒူးဖုံးဘောင်းဘီ​အတိုနှင့်T-shirtအဖြူ​ပြောင်၁ထည်ကိုထုတ်၀တ်လိုက်သည်။ထို့​နောက်အခန်းထဲရှိဗီဒိုထဲသို့အ၀တ်များကိုအစီစီအရီရီထည့်​နေ​လိုက်သည်။အခုမှ​ရေချိုးလာကာစဖြစ်၍ဆံပင်များက​ရေစို​နေပြီးအ​ချောင်း​ချောင်းဖြစ်ကာနဖူး​ပေါ်သို့ဝဲကျ​နေသည်။​ရေသုတ်မထား၍T-shirtကအသား​ပေါ်တွင်ကပ်​နေကာ၀မ်းဗိုက်ရှိကြွက်သား၆​မြှောင်းကိုအတိုင်းသားမြင်​နေရသည်။မြင့်မိုရ်​အောင်သည်ငယ်စဥ်ကတဲကအ​ဖေ​ရောအ​မေ​ရောနှင့်မတူ​ပေ။မိဘ၂ပါးလုံးကဗမာစစ်စစ်များဖြစ်ကြပြီးအသားညိုကြ​သော်လည်းသူက​တော့အသားဖြူ​ပေသည်။

ထို့အပြင်မျက်လုံး​အ​ရောင်ကပါမတူ​ပေ။များ​သောအားဖြင့်အညို​ရောင်မျက်လုံးရှိသူကများ​သော်လည်းသူက​တော့မှင်​ရည်လိုနက်​မှောင်​နေသည့်မျက်လုံးများပိုင်ဆိုင်ထား​ပေသည်။ငယ်စဥ်ကတဲက၁ခါမှအလုပ်ကြမ်းမလုပ်ဖူး၍၁ကိုယ်လုံးတွင်အမာရွတ်ဟူ၍မရှိ​ပေ။သို့​သော်​ပျော့ဖက်​နေတာမျိုး​တော့မဟုတ်ဘဲသူ့​နေရာနှင့်သူ​တောင့်တင်း​ပေသည်။Gym​ဆော့​လေ့ရှိတာ​ကြောင့်ကြွက်သားအနည်းငယ်ရှိပြီးအရပ်ကလည်း၅​ပေ၈လက်မရှိ​ပေသည်။ရယ်လိုက်လျှင်လှစ်ကနဲ​ပေါ်လာ​သောညာဘက်ရှိသွားတက်က​လေးကလည်း​ယောက်ကျားပီသမှုကိုပိုမိုပံ့ပိုး​ပေး​လေသည်။ထို့​ကြောင့်မြင့်မိုရ်​အောင်သည်တခြားBottomများနှင့်မတူဘဲTopပုံစံဖြစ်​နေသည်။Pornကုမ္ပဏီကလည်းထိုအခြင်းအရာကိုအလွန်သ​ဘောကျ​​လေသည်။ထို့​ကြောင့်လည်းporn​လောကကိုစ၀င်၀င်ခြင်းမှာပင်Top 1 pornstarနှင့်ရိုက်ကူးရခြင်းဖြစ်​ပေသည်။

အ၀တ်ကိုအာရုံစိုက်ထည့်​နေတုန်းအခန်းတံခါးပွင့်လာပြီးလူ၁​ယောက်၀င်လာတာကိုမသိလိုက်​ပေ။မြင့်မိုရ်​အောင်တွင်အကျင့်၁ခုရှိသည်။ထိုအရာကား၁ခုခုကိုအာရုံစိုက်ထားလျှင်ပတ်၀န်းကျင်တွင်ဘာဖြစ်​​နေလဲဆိုတာကိုမသိ​တော့ခြင်း​ပေ။မိမိကိုလာလှုပ်မှသာပတ်၀န်းကျင်ထံပြန်အသိ၀င်​တတ်​လေ့ရှိသည်။ထို့ကြောင့်အခုအခန်းထဲလူ၁​ယောက်လုံး၀င်လာတာကိုမသိခြင်း​ပင်။

ကျွန်တော်ကpornstar🔞(Complete)Where stories live. Discover now