"ဟေ့ကောင် ဒီမြို့ကြီးက ထင်သလိုလည်းကြောက်စရာ
မကောင်းပါဘူးဟ"

"အေးလို့ ငါ့မှာတော့ သွေးသံတရဲရဲနဲ့မတရားကြောက်ဖို့
ကောင်းမှာ သေတွင်းထဲသွားရတော့မှာလို့  ထင်ထား
ခဲ့တာ အလကားပါကွာ"

"အေးလေ ဟိုကသံတိုင်တွေထဲက ဇွန်ဘီတွေကိုကြည့်ပါဦး
သူတို့လား မြို့ကိုရောက်လာသူမှန်သမျှကို ကိုက်ပစ်မှာ

ဟေ့! သံတိုင်တွေထဲက အရင်ထွက်လို့ရအောင်လုပ်ဦးနော်"

"ဟားဟား"

"ဂါး ဂါး......"

"Sryပဲ ဒါလင်ရယ် ကိုယ်က ဇွန်ဘီစကားတော့မတတ်ဘူးကွ"

"ဟားဟား တကယ်ဟာသပါကွာ"

"အာ ဒါနဲ့ သုတေသနအလောင်းကောင်က
ဒီမြို့ကိုရောက်သွားတယ်ဆိုတာသေချာလို့လား"

"အင်း ပါမောက္ခကတော့အဲ့လိုပြောတာပဲ သေချာပေါက်
ကမ်းခြေရှိတဲ့မြို့ကိုသွားလိမ့်မယ်တဲ့ ငါတို့သွားခဲ့တဲ့
ကမ်းခြေရှိတဲ့မြို့က ဒီမြို့နောက်ဆုံးပဲလေ"

"အွန်း  ဒီမြို့မှာရှိလောက်မှာပါ အာ မင်းမှတ်မိဦးမလား
တော့မသိဘူး လွန်ခဲ့တဲ့ နှစ်ထောင့်ဘယ်လောက်ကပါလိမ့်
သုတေသနဌာနချူပ်ကိုရောက်လာတဲ့ ဖြေဆေးစာရွက်လေ"

'ငါ့စမ်းသပ်ချက်စာရွက်ပဲ ...'

"အွန်း မှတ်မိတယ်လေ ဒါပေမဲ့ ဗိုလ်မှူးက အဲ့စာရွက်ကိုဖြဲပစ်
ခဲ့တယ်လေ အခြေအမြစ်မရှိတဲ့ စမ်းသပ်ချက်ကို
ယုံလို့မရနိုင်ဘူး ဆိုပြီးတော့လေ"

'အဲ့တုန်းကသာ ငါ့ဖြေဆေးစမ်းသပ်ချက်ကို လက်ခံခဲ့မယ်ဆို
ဒီဇွန်ဘီကပ်က အဲ့ကတည်းကပြီးဆုံးသွားခဲ့မှာ......
ထားတော့ မြို့ရှောင်လမ်းကနေသွားမှဖြစ်မယ်ထင်တယ်'

သူမတိတ်တိတ်လေးပြန်လှည့်မလို့အလုပ်
အောက်ကိုမကြည့်မိလိုက်လို့ သစ်ရွက်ခြောက်ကို
နင်းမိပြီး  အသံထွက်သွားခဲ့တယ်

"အွန်း အဲ့ဒါ......"

သူမနောက်ပြန်ကြည့်လိုက်တဲ့အချိန်မှာ
ကာကွယ်ရေးဝတ်စုံတွေနဲ့ လူနှစ်ယောက်

'ပြေးတော့ ရှောင်ယူ'

သူမလည်းအသားကုန်အားတင်းပြီးပြေးလိုက်တယ်

ကျွန်မယောက်ျားက ဇွန်ဘီ🙈         ကျွန်မယောကျ်ားက ဇွန်ဘီ🙈Unde poveștirile trăiesc. Descoperă acum