ဘုန်းဆက်တည် - ".................."

*စဟောက်တာက ငါပါကွာ ငါပါ ငါပါ။အခုတော့ သူထွက်နေသမျှ ဒေါသတွေ ငါ့အပေါ်လာပုံချဖို့ ငါကလက်ယက်ခေါ်လိုက်သလိုပဲ။လခွမ်း!!!!

အဲ့လိုလေးတွေးပြီး ခပ်တည်တည်နဲ့ ကားမှန်ကိုပြန်တင်ပြီး အရှက်ပြေရေသောက်မလိုလိုနဲ့ ကားစတီယာရင်ဘက်ကိုပြန်လှည့်လာတော့ ရုတ်တရက်ကြီး ကားပေါ်မှာရှိတဲ့ လေထုက မသင်္ကာစရာကောင်းနေသလိုလိုမို့ ဘေးဘီဝဲယာကို လှည့်ကြည့်မိတော့ သျှန်ကအစ ကလေးနှစ်ယောက်အလယ်က ခွေးပေါက်အဆုံး ရုပ်တွေကရှုတည်တည်နဲ့။

ဖြစ်နေတဲ့ရုပ်တွေကို တိတိကျကျပြောရမယ်ဆိုရင်ဖြင့် ရယ်ချင်နေတဲ့ရုပ်တွေကို အတင်းရုပ်ပြောင်းရုပ်လွှဲလုပ်ထားပြီး ရှုတည်တည်လုပ်နေရတာဆိုတော့ ငှက်ပျောသီးကျွေးနေတာကို မစားချင်ပဲ မူနေတဲ့ မျောက်ဝံကြီးတွေလိုပဲ.....

တစ်ဆိတ်.......သျှန်ကလွဲလို့ပေါ့လေ  (*˘︶˘*)

🐮🐮🐮🐮🐮🐮🐮🐮🐮🐮🐮🐮🐮🐮🐮

ဒီလိုနဲ့ လမ်းမကြီးပေါ်မှာတင် နှစ်နာရီမျှသော အချိန်တွေကို ကုန်ဆုံးပြီးနောက်မှာတော့ စထွက်ဦးတည်ရာနေရာဆီသို့ ကားလေးက ဆိုက်ရောက်လာပါတော့သည်။

ကားပါကင်မှာ ကားရပ်ပြီးမှပဲ ကားပိတ်နေတုန်းမှာတင် တစ်ရေးအိပ်လာတဲ့ ကလေးနှစ်ယောက်ကို နှိုးရတော့တယ်။

"သားတို့ ရောက်ပြီ ထတော့"

ဝု ဝု

ကလေးသံတွေကမထွက်လာသေးပဲ ခွေးသံက အရင်ထွက်လာတာမို့ ဘုန်းဆက်တည်လည်း အဲ့ခွေးရဲ့ခေါင်းသေးသေးကို ခေါက်ပစ်ချင်စိတ်အား သူ့ဘေးနားမှာထိုင်နေတဲ့ Gorilla အသေးစားလေးကြောင့် ထိန်းချုပ်နေရသည်။

ကလေးသံတွေကမထွက်လာသေးပဲ ခွေးသံက အရင်ထွက်လာတာမို့ ဘုန်းဆက်တည်လည်း အဲ့ခွေးရဲ့ခေါင်းသေးသေးကို ခေါက်ပစ်ချင်စိတ်အား သူ့ဘေးနားမှာထိုင်နေတဲ့ Gorilla အသေးစားလေးကြောင့် ထိန်းချုပ်နေရသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
CLOVER Where stories live. Discover now