Part-2

413 33 7
                                    


Unicode version

ကျောင်း၀န်းထဲမှာ စက်ဘီးစီးခွင့်မရှိတာကြောင့် မြူရှင်းကျောင်းပေါက်၀တွင်သာ စက်ဘီးကိုရပ်ပီး မိမိတက်ရောက်ရမယ့် ကျောင်းကြီးရဲ့အနေအထားကို တစ်ချက်ကြည့်လိုက်သည်။မေမေတို့ကတော့ မိမိရဲ့ ကျောင်းအပ်တဲ့ကိစ္စလာစီစဥ်ပေးတုန်းက ကျောင်းကြီးကိုတွေ့ခဲ့ပီးပီမို့ ဘယ်လောက်ထိနှစ်လိုဖွယ်ကောင်းကြောင်းကို အိမ်မှာအမွှန်းတင်ပီး ပြောထားခဲ့ပီးဖြစ်သည်။

မေမေတို့ပြောသည့်အတိုင်း မြို့၏ထိပ်တန်းကျောင်းတစ်ကျောင်းဖြစ်သည်နှင့်အညီ ကျောင်း၀န်းအတွင်း  နယ်ပယ်အလိုက် အဆောက်အဦများတည်ရှိနေပုံက ဗိုလ်ဆန်ပြီး လှပသေသပ်သည်။တစ်ဆောင်နှင့် တစ်ဆောင်ကိုဆက်သွယ်ပေးထားသည့် လမ်းကလေးတွေရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာလည်း ရောင်စုံပန်းသေးသေးလေးတွေပွင့်တတ်တဲ့ ပန်းပင်ရုံလေးတွေကို သေသေချာချာလေး ညှိယူကာစိုက်ပျိုးထားသေးသည်။

အဆောင်တွေအများကြီးနှင့် ပန်းလမ်းလေးတွေလည်းအများကြီးမို့ အဝေးကကြည့်လျှင် တော်တော်ကို သဘောကျစရာကောင်းသည်။ အင်း တစ်မှတ်.....။ကိုယ့်ဘာသာ စိတ်ထဲမှာ ကျိတ်ပီး အမှတ်တွေပါပေးနေသော မြူရှင်းရယ်ပါ...။

မြူရှင်းကျောင်းကိုရောက်သည့်အချိန်က စောသည်ပဲပြောရမှာမို့ ကျောင်းတက်ရက် ပထမဆုံးနေ့မှာ ကျောင်း၀န်းထဲလှည့်ပတ်ကြည့်ဖို့ စိတ်ကူးလိုက်မိသည်။စိတ်ကူးနေတုန်းမှာပဲ ဗိုက်ထဲကဆာလောင်မှုကို သတိထားမိလိုက်တာမို့ ဗိုက်အရင်ဖြည့်ဖို့ကိုပဲ မြူရှင်းအရင်လုံးပမ်းလိုက်တော့သည်။ကျောင်း၀န်းအတွင်း လှည့်ပတ်ကြည့်အပီး

"မုန့်ရောင်းတဲ့ဆိုင်က ဘယ်မှာလဲမသိဘူး ဟူး...."

ခေါင်းငိုက်စိုက်နှင့် မြူရှင်းတစ်ယောက် သက်ပြင်းအကြိမ်ကြိမ်ချနေတုန်း ရှေ့တွင်လာရပ်သည့်  Bootအဖြူလေးတစ်စုံ။

"ဟိတ်...ဘာတွေငိုင်နေတာလဲ ကောင်လေး"

ရွှင်မြူးတဲ့အသံနဲ့အတူ မိမိကိုလာနှုတ်ဆက်တဲ့သူကို မြူရှင်းမော့ကြည့်လိုက်တော့ ဂုတ်ထောက်နေသည့် mullet hairကို တစ်၀က်ကနေ စည်းထားပီး ရှေ့နှဖူးပေါ်မှာ ဆံပင်တစ်ချောင်းနှစ်ချောင်းချထားကာ မျက်လုံးရှည်ရှည် နှာခေါင်းလုံးလုံးနဲ့  အတန်ငယ်ပါးသည့်နှုတ်ခမ်းတစ်စုံနှင့် မိမိထက်အသက်အနည်းငယ်ကြီးပုံပေါ်သည့် ခပ်ချောချောအစ်ကိုကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

CLOVER Where stories live. Discover now