အပိုင်း ၁၄

Start from the beginning
                                    


= = =


ဘားဆိုင်ထဲတွင် သီချင်းများက မြူးမြူးကြွကြွ . . . . .


>>>> PSY: DADDY <<<<


သောကြာနေ့ညမို့ လူက တဖြည်းဖြည်းကျလာသည်။ သို့သော် သစ္စာရှိ ဝိတ်တာများက မာတင့်အတွက်တော့ VVIP ခန်းကို အမြဲချန်ထားပေးပြီးသားပါ။


Dalmore ဝီစကီ ၅ပတ်လောက် သောက်အပြီးမှာ ကိုရဲ အနည်းငယ် သတ္တိရှိလာသည်။ 

ကိုရဲက အရက်မူးလာရင် စကားများတတ်သူဖြစ်သည်။ 

မာတင်က ဘေးမှာ ဘာစကားမှ မပြောပဲ စီးကရက်ကို ရိူက်ဖွာနေသည်။

ကိုရဲ : "ဆရာ. . ဆရာ အခုတလော ဘာတွေ စိတ်တွေ တအားဖိစီးနေရတာလဲ. .. ပရောဂျက် အသစ်ကြောင့်လား၊ လက်ထပ်ဖို့ကိစ္စကြောင့်လား. . ဒါမှမဟုတ် ဟိုကောင်မလေးကြောင့်လား။"


မာတင် : 'ဟာ.. .ဘယ်က ဟိုကောင်မလေးလဲ. .မင်းဘာတွေ လျှောက်ပြောနေတာလဲ. .ငါက ဘယ်သူ့ကိစ္စ ဘာဖြစ်ရမှာလဲ'


>သူငြင်းပြီဆို လုံးဝသေချာသွားပြီ.<


"မသိပါဘူး ဆရာရယ်. . . ဆရာ ခုတလော ဟို ဆုဆုဝေဆိုတဲ့ ချာတိတ်မလေးနဲ့ တွေ့လိုက်ရင် sensitive ဖြစ်သလားလို့. . ကောင်မလေးက ဆရာနဲ့ ဓါတ်မတည့်ဘူးထင်တယ်"


'အဲလို ဓါတ်မတည့်တာတော့ မဟုတ်ပါဘူး' (ပြုံးလျှက်ပြန်ဖြေသည်)


ကိုရဲက နူတ်ခမ်းစေ့ကာ မာတင်ကို သေချာကြည့်လိုက်ပြီး


"ကျွန်တော့်အထင်ပြောရရင် . . ဆရာ အဲ့ကောင်မလေးကို ကြိုက်နေတာ မှတ်လား. ."


' ကြိုက်ရမယ်. . .ငါက. ? 


 ဟားဟ့. .. 

ကိုရဲ မင်းဘာတွေ လာပြောနေတာလဲ။ 

ကျွန်တော့်မှာ အဲဒါမျိုး လူတစ်ယောက်ထဲကို အတည်တကျ ချစ်တာကြိုက်တာမျိုးလဲ ဘယ်တုန်းကမှ မရှိဖူးပါဘူး။ ခင်ဗျား အသိဆုံးပါ။'

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now