Part 8 (uni/Zawgyi)

9.2K 407 22
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~
Part _8

ပိတ်ရက်မှာစောစောစီးစီးအိမ်ကိုရောက်လာတဲ့အတည် ...

"ဟယ် အတည် အစောကြီး"

"ပြောမနေနဲ့ ညိုဟာလေးလေ တဂွမ်ဂွမ်ဖုန်းဆက်ပြီး သွား​ပေးပါ သွားပေးပါပြောလို့ "

"အတည် နော် ဘာ ညိုဟာလည်း ညိုနဲ့သူဘာမှမဆိုင်ဘူး "

"မသိဘူးလေ ဟိုဟာလေးကတော့ အသဲအသန်ဘဲညိုရေ အခုလည်း မနက်ဆယ်နာရီ အမှီသွားပေးပါ သူသီချင်းတောင်းထားတယ်On airကနေဆိုလို့ မမကိုရအောင်ပေးနားထောင်လိုက်ပါ ဆိုပြီး အတင်း​ညတည်းကနားပူနေလို့ ညိုရေ  ကိုးနားရီလေးဆယ့်ငါးဆိုတော့ မလိုတော့ဘူးဘဲ"

TVရုပ်သံလိုင်းတစ်ခုကနေ ခံစားချက်များနဲ့တိုက်ဆိုက်တဲ့သီချင်းလွှင့်တဲ့လိုင်းကို ရွေးဖွင့်လိုက်လိုက်လေသည်...

"မင်္ဂလာပါမောင်လေး "

"မင်္ဂလာပါဗျ"

"အယ် ဇာမဏီအသံထင်တယ် ညို"

"ညို မသိဘူး အတည်"

"သိရက်နဲ့ ဟန်ဆောင်နေပြန်ပြီ ညိုမျက်လုံးတွေအခုနက လက်ခနဲဖြစ်သွားတာ လင်းမြင်လိုက်ပါတယ် စကားမများတော့ဘူး လွတ်သွားအုံးမယ်"

"မောင်လေးနာမည်ကို မိတ်ဆက်လို့အဆင်ပြေလားမသိဘူး"

TVဖန်သံပြင်မှာတော့ Announcerရဲ့ရုပ်ဘဲမြင်ရကာ တစ်ဖက်ကဇာမဏီဆီကိုဖုန်းတက်နေခြင်းဖြစ်သည်...

"ကျွန်တော်နာမည် ဘုန်းဇာမဏီသစ်ပါ"

"ဟုတ်ပါပီ မောင်လေး မောင်လေးကဒီနေ့အစ်မတို့ရဲ့ အစီအစဥ်လေးမှာတောင်းဆိုထားတဲ့သီချင်းလေးရဲ့Reasonနဲ့ဘယ်သူ့အတွက်တောင်းထားတာလဲဆိုတာပြောပြပေးလို့ရမလားမသိဘူး"

"ဟုတ်ကဲ့ ဘယ်သူအတွက်လည်းဆိုတော့ နေကြာတွေကိုမြတ်နိုးတွယ်တာတတ်တဲ့ မမတစ်ယောက်အတွက်ပါ ချစ်နေတာသိရက်နဲ့ဘာလို့စိမ်းကားနေတာလဲဗျ မ ဘက်က ဥပေက္ခာတစ်ခါပြုတိုင်း ကျွန်တော်အသဲတွေလည်းကွဲကြေရလွန်းလို့ အမှုန့်ဖြစ်နေပြီဗျအသဲလေးကို ပြန်နဂိုတိုင်းကောင်းဖို့ မ ကကုပေးပါ ဘယ်သူဘယ်သူကိုမှ အာရုံထဲမထားဘဲ ကျွန်တော်ကိုပြန်ချစ်ပေးပါလာဗျာ အခုနားထောင်နေတယ်ဆိုရင် ကျွန်တော်အဖြစ်ကိုသနားပါအုံး မ ရယ် "

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now