Part - 1

1.4K 40 22
                                    

၁၉ ရာစုနဲ့ ၂၀ ရာစုကြားကာလ နယ်ချဲ့တွေမြန်မာပြည်မှပြန်လည်ဆုတ်ခွာသွားချိန်ဖြစ်တယ်
အင်းလေဒေရဲ့သဘာဝအရ သီတင်းကျွတ်တန်ဆောင်းမုန်းရောက်ပြီဆိုတာနဲ့ အပြိုင်အဆိုင် ကောင်လေးနဲ့ကောင်မလေးအပြိုင်တေးတိုက်လေ့ရှိလေတယ် အဲ့လိုပွဲတွေကညလုံးပေါက်အပြိုင်တေးဆပ်ကြရလေတယ်ရူံးတဲ့အဖွဲ့ပေါ်မှပြီးလေတယ် .... အခုလိုညနေချိန်မှာဆိုရင်အင်လေးသူအင်လေးသားတွေပွဲအတွက်ပြင်ဆင်နေကြပြီဖြစ်တယ် မိန်းမပျိုလေးတွေကတော့ရွာရဲ့သူကြီးရဲ့အိမ်ပေါ်မှာနေရာယူနေပြီဖြစ်လေတယ် တခြားရွာသားကာလသားတွေကတော့အင်းလေးကန်တော်မှာလှေတွေနဲ့အသီးသီးပြင်ဆင်နေကြတော့တယ် ညနေ၆နာရီဆိုပွဲကစပေပြီမလား...

" နန်းယုံ ရေနန်းယုံ အဆင်သင့်ဖြစ်ပြီလားအဆင်သင့်ဖြစ်ရင်သွားမယ် နန်းချော တို့ရောက်နေလောက်ပြီ "

" အေးပါ နန်းသူဇာ ရယ်သွားပါ့မယ်
နင်တိုးတိုးနေပါအဖေသိရင်ငါအဆူခံရအုန်းမယ် "

" အေးအေး "

နန်းယုံဆိုတာကတော့ စိုင်းခမ်းယုံ ရဲ့အမွာညီလေးပဲဖြစ်တယ် နန်းယုံက ဘာလို့မိန်းကလေးလိုနေရတာလည်းဆိုတော့ သူက မွေးလာပြီးအသက်၁၂အရွယ်ရောက်ကတည်းက မိန်းကလးတွေနည်းတူဖြစ်လာခဲ့တယ် ရင်ဘက်ကလည်းတဖြေးဖြေးနဲ့ကြီးပြင်းလာခဲ့တယ်
ဒါတွေကြောင့် စိုင်ခွန် ဆိုတဲ့နာမည်ကိုပြောင်းလိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းကနေ သူအဘိုးရှိရာ အင်းလေးသိုပြောင်းရွေ့လာခဲ့တယ်

" ဟက်နန်းယုံခမ်း နင်မှာလည်းလောလာလိုက်တာငါတို့ရောက်ဖို့အချိန်ကြာအုန်းမှာ ညကြမှာလေငါတို့အဖွဲ့က "

" အေးအဲ့တာကို နန်းချောကနောက်ကျနေပြီဆိုပြီးလုပ်နေတာငါ့မှာလောလောလောနဲ့လုပ်လာရတာ "

" အေးဒီနေ့ညကအထူးညဟဲ့နင်သိလား နန်းယုံအဲ့ကြောင့်ငါလောနေတာ "

" ဘာမိုလို့လဲဟနင်ကလည်းငါသိချင်အောင် "

" ငါတို့ရဲ့မြို့အုပ်မင်းပါဒီညဝင်ပြိုင်မှာလေ "

" ဟုတ်လို့လား "

" ဟုတ်ပါဆိုအဲ့တာတောင်မပြီးသေးဘူး ဘယ်အဖွဲ့နဲ့ပြိုင်ရမှာလည်းသိလား "

" ချစ်လှစွာသောရန်သူတော် "Where stories live. Discover now