'Hyung, please fly to me ' လေး အရင်ဖတ်ပြီးမှ ဒါလေးကို ဖတ်ပါနော်။fly to me ရဲ့ အဆက်မို့လို့ပါ။
---------
~wo xi huan zhe yang gen zhe ni
~မင်းရဲ့နောက်ကို ဒီလိုလေးလိုက်ရတာ ကိုယ်သဘောကျတယ်
~sui bian ni dai wo dao na li
~မင်းကြိုက်တဲ့နေရာဆီ ကိုယ့်ကိုခေါ်သွားပါ
~ni de lian man man tie jin
~မင်းရဲ့မျက်နှာလေးက တဖြည်းဖြည်း နီးကပ်လာလေ
~ming tian ye man man di man man qing xi
~မနက်ဖြန်ဟာလည်း တဖြည်းဖြည်းနဲ့ ဖြည်းဖြည်းချင်းရှင်းလင်းလာတယ်
လုဟန် သီချင်းတအေးအေးဖြင့် တိုက်ခန်းကော်ရစ်ဒါကို ဖြတ်လျှောက်လာပြီး အိမ်ရှေ့ရောက်သည်နှင့် မင်္ဂလာနှစ်ပတ်လည်နေ့ကို တံခါးသော့မှာ ရိုက်ထည့်လိုက်သည်။
ထင်သည့်အတိုင်း လျှို့ဝှက်နံပါတ်မပြောင်းသေး တာကြောင့် တံခါးပွင့်သွား၏။
လု ကိုယ်တိုင်က တစ်နှစ်နီးပါး ပြန်မလာဖြစ်ပေမယ့် ဆယ်ဟွန်း ကတော့ ကျန်ခဲ့ပြီး ဆက်နေသည်မို့ အိမ်က ဖုန်အထပ်ထပ် နဲ့ မဟုတ်။
သို့ပေမယ့် ဝင်ဝင်ချင်းမှာပင်ပြောင်းလဲမှုတွေကို ချက်ချင်း မြင်လိုက်ရ၏။
ဧည့်ခန်းနံရံမှ မင်္ဂလာဓါတ်ပုံ နေရာမှာ လုဟန် တစ်ယောက်တည်း ပုံ ပြောင်းချိတ်ထားသည်။
ဆိုဖာနောက်ဖက် နံရံကပ်စင်အသေးလေးတွေမှာ တင်ထားလေ့ရှိသည့် အမှတ်တရပစ္စည်းတွေနဲ့ နှစ်ယောက်တွဲ ပုံတွေ တစ်ခုမှ မရှိတော့ဘဲ သာမာန် အလှတင်ပစ္စည်းတွေသာ ရှိနေသည်။
စိတ်တိုလာတာကြောင့် အိမ်ခန်းထဲတောင် မဝင်ချင်တော့ဘဲ ဟွန်း ဆီ ဖုန်းခေါ်လိုက်သည်။အလုပ်ချိန်အတွင်း ဖြစ်နေပေမယ့် ရှားရှားပါးပါး ဟွန်း ဖုန်းက စက်ပိတ်ထားသည်။
အချိန်ထပ်မဆွဲနေဘဲ Hunအတွင်းရေးမှူးဆီကိုသာ ဖုန်းဆက်လိုက်သည်။
"...အတွင်းရေးမှူးMing..ကျနော်..လုဟန် ပါ.."
"ဟုတ်ကဲ့..ကျွန်တော်သိပါတယ်..ဟို..သူဋ္ဌေးက.."
"အင်း..သူ့ဖုန်းစက်ပိတ်ထားလို့.. အလုပ်ရှုပ်နေလား?"
"အဲ့လို..မဟုတ်ဘူး..သူဋ္ဌေးက..ပျောက်နေတာ တစ်ပတ်ရှိသွားပြီ.."
