2 (Unicode)

218 18 2
                                    

တစ်နှစ်ပြည့်သောနေ့ အထိမ်းအမှတ်အဖြစ်
၎င်းတို့နှစ်ဦး ပထမဆုံး အတူသွားရောက်ခဲ့ကြသည့်
အလိုတော်ပြည့်ဘုရားကို သွားရန်စီစဉ်ထားကြသည်။

နှစ်ဦးသား တည်းခိုခန်းအောက်ထပ်သို့ ဆင်းသွားချိန်တွင်

"Austin (အော်စတင်)"

"ဟင်...ဒယ်ဒီ"

"မင်းဘာတွေလုပ်နေတာလည်း"

"ဘာလုပ်လုပ်ပေါ့"

"မင်း...မင်းကွာ"

နွေနှောင်းအား သူ၏အေဖမွ လက်သီးဖြင့်ရွယ်လိုက်ရာ
ကိုကိုမောင်မှ တားလိုက်ပြီး

"ဦး...ဦးလေး စိတ်လျှော့ပါဦး"

"မင်းက ဘယ်သူလည်း
ဘာလုပ်တာလည်း"

"အဲ့ဒါ ကျွန်တော့်ချစ်သူပဲ"
နွေနှောင်းမှ ဝင်ပြောလိုက်ခြင်းဖြစ်သည်။

"ဟင်...ဘာတွေလည်း
Austin မင်း...မင်းဘာတွေလုပ်နေတာလည်း
ယောက်ျားလေးအချင်း.."

"ဒယ်ဒီလည်း ဒယ်ဒီ့သဘောနဲ့
ဒယ်ဒီချစ်တဲ့လူကို ရွေးချယ်ခဲ့သလို
ကျွန်တော်လည်း ကျွန်တော်ချစ်တဲ့သူကို
ကျွန်တော် ရွေးချယ်ခဲ့တာ ကျွန်တော်မှားလား"

"မွားတယ္ကြ"

"မှားလည်း ဂရုမစိုက်ဘူး
မောင်...သွားကြစို့
သြော်...ဒီတည်းခိုခန်းက အခန်းလွတ်မရှိတော့ဘူးဗျ
တစ်ခြားတည်းခိုခန်းကို ပြောင်းတည်းလိုက်ပါနော်"

"တောက်!
Austin.....Austin"

သူခေါ်နေသော်လည်း
နွေနှောင်းမှာ အနောက်သို့ လှည့်တောင်မကြည့်ဘဲ
ကိုကိုမောင့်လက်ကိုဆွဲကာ ထွက်သွားလေတော့သည်။

......

အလိုတော်ပြည့်ဘုရားပေါ်တွင်
ဘုရားဖူးဧည့်သည်များ ကင်းရှင်းနေ၍
လွန်စွာတိတ်ဆိတ်နေလေသည်။

"နှောင်း..."

"ဗ်ာ"

"အော်..စတမ္ဆိုလား
ဘာလား.......နှောင်းရဲ့အဖေပြောတာလေ
အဲ့ဒါဘာလည်းဟင်"

"သြော်....Austin (အော်စတင်) ပါ မောင်ရဲ့
အဲ့ဒါက နှောင်းရဲ့နာမည်ပဲလေ"

"နွေနှောင်းက နှောင်းနာမည်မဟုတ်ဘူးလား"

"ဟုတ်တယ်လေ
ဒီလိုမောင်ရဲ့ ဒယ်ဒီနဲ့ပတ်သတ်ပြီး အနည်းအကျဉ်းပဲ ပြောဖူးတော့ အခုမောင် နှံနှံစပ်စပ်သိအောင်ပြောပြမယ်"

အိုဘယ့်...ရွှေညာမြေ (Ongoing)Donde viven las historias. Descúbrelo ahora