Chapter 7 - Zawgyi

Start from the beginning
                                    

ဟေမာန်ဦးဆိုလျှင် ရေနွေးကုရားအိုးပင်ပါလာသေးသည်။

__________________________________

သျှင်မင်းသန့်အခန်းထဲတွင်ထားထားသည့် အိတ်တွေထဲတွင်လည်း အ၀တ်တွေဒလဟောပင်။ မသိလျှင် ဒီအိမ်မှာပဲနေပြီး လင်ယူသားမွေးခေါင်းချကြမည့်အတိုင်းပင်။

"နည်းနည်းပါးပါးယူလာလည်းရပါတယ်ဟာ နင်တို့ဟာက"

ခဏနေတော့ Hotpot ချက်ဖို့ ဟေမာန်ဦးနှင့် သျှင်မင်းသန့်က တာဝန်ယူရသည်။ ရာဇာလင်းကတော့ အကင်တွေမီးမြှိုက်နေသည်။ သျှင်မင်းသန့်မှာ တူးများသွားလေမလားဟု အကြိမ်ကြိမ်လှမ်းချောင်းကြည့်ရ၏။ အချဉ်ရည်လုပ်တာကို ဖိုးဖိုးက ကူညီပေးသည်။

Hotpot တို့မာလာရှမ်းကောတို့မစားသော်လည်း ဦးမင်းထက်က အချဉ်ရည်တစ်ခုကိုတော့ အရသာရှိအောင်ကောင်းကောင်းလုပ်တတ်၏။ မန်းကျည်းသီးမှည့်အရည်ထဲကို ဆားထည့်ကာ ငရုတ်နှစ်လေးထည့်သည်။ ထို့နောက် ဆီကျက်နည်းနည်းနှင့် ကြက်ဥအနှစ်ကိုပြိုင်တူထည့်ကာ ခလောက်ပြီး ကြက်သွန်ဖြူဂျင်းကို နောက်ဆုံးမှထောင်းထည့်သည်။ 

သျှင်မင်းသန့်ရော၊ သူငယ်ချင်းတွေရောက ဦးမင်းထက်၏ လက်ရာကို အတော်နှစ်သက်ကြလေသည်။

___________________________________

"ဟဲ့ နင့်လူကြီးပါလာတယ်"

မီးဖိုခန်းထဲတွင် အသားတွေအားရပါးရကင်နေတုန်း ၀င်လာသည့် ဟေမာန်ဦးရဲ့စကားကြောင့် သျှင်မင်းသန့် တန့်သွားသည်။ အသားကင်စက်မရှိတာမို့ မီးသွေးမီးဖိုနှင့် အားရပါးရကင်နေသူသည် မျက်နှာတွင်ပင် အိုးမဲတွေပေနေသေးသည်။ 

ဒီတစ်ဗန်းလေးကင်ထားပြီးရင် ရေပြေးချိုးမည်ဟုတွေးထားသမျှ ကံဆိုးမိုးမှောင်ကျရတော့သည်။ မိမိကြိုက်နေသည့်သူရှေ့ဆိုလျှင် အရှက်ကွဲတတ်သည်မှာ အမှန်ပင်။ အခုလည်း စုတ်ပြတ်နေသည့်အချိန်နှင့် တိုးပြန်သည်။

"ဟဲ့ အဲဒါဆို ဒီအကင်အိုးနင်ကြည့်ထားလိုက်ဦး ငါရေပြေးချိုးဦးမယ်"

သျှင်မင်းသန့် ကိုင်ထားသည့် အသားကင်တူကို ဟေမာန်ဦးလက်ထဲအမြန်ထိုးထည့်ကာ မီးဖိုခန်းထဲကထွက်လာလိုက်သည်။ ရေချိုးခန်းက အိမ်တွင်တစ်ခန်းထဲသာရှိပြီး မီးဖိုခန်းဘေးမှာတင်မို့ မြန်မြန်ပြေးသွားလိုက်ရန်ရည်ရွယ်သော်လည်း အပေါက်ဝမှာတင် မြင့်မြတ်ပိုင်နောင်နှင့် တည့်တည့်တိုးတော့သည်။

HONEYWhere stories live. Discover now