စာစဥ် ၂ ၊ အခန်း ၁၁ မှ ၁၅ ထိ။

Start from the beginning
                                    

 

သူမဘေးအခန်းထဲကျန့်လီချွမ်ကတော့ သူ့ကွန်ပျူတာများကို သူ့ဦးနှောက်နှင့် အမိန့်တွေပေးနေခဲ့လေသည်။ စခရင်ပေါ်မှာ codeတွေ ပေါ်လာပြီးပြီးချင်း ကျင်းချန်ဟက်ခဲ့တဲ့commandကို ချက်ချင်း ဝှက်စာဖော်လေတော့သည်။

 

ဝှက်စာဖော်ပြီးနောက်တွင် ကျင်းချန်၏ပုံရိပ်က တခြားစခရင်တစ်ဖက်တွင် ပေါ်လာလေ၏။

 

ကျင်းချန်က သူ့၏နက်မှောင်သောမျက်လုံးများကို ညအလင်းရောင်မှိန်မှိန်ထဲမှာ ရွှန်းစိုနေသည်အထိ စခရင်ပေါ်က ထိုအမျိုးသမီးကို အချိန်အကြာကြီး စိုက်ကြည့်နေလေသည်။

 

*ဒီမိန်းမက သူ့အောက်ပိုင်းဖုံးရုံလောက်လေးရှိတဲ့ ညအိပ်ဝတ်ဂါဝန် ဇာပန်းထည်တိုတိုလေးကို ဝတ်ပြီး သူ့အခန်းထဲကို လာဖို့လောက်အထိ သတ္တိရှိနေတာလား။

 

သူမက ဒီလိုမျိုး ဝတ်ပြီး လမ်းလျှောက်ရဲတဲ့အထိ သူက လုံးလုံး အသုံးမကျတဲ့သူလို့ တကယ်ပဲတွေးနေတာလား။*

 

ထို့နောက် ဗီဒီယိုကင်မရာ၏မျက်နှာချင်းဆိုင်ဖက်ကို စိုက်ကြည့်နေသည့် မိန်းမကို သူမြင်လိုက်သည်။သူမလက်များက သူ့မဖုန်းစခရင်ပေါ်တွင် မြန်ဆန်စွာရွေ့နေပြီး တစ်မိနစ်အတွင်းမှာ ကင်မရာကို ဟက်လိုက်လေ၏။

 

 

 

ကင်မရာထဲမှာ ကြပ်မတ်တဲ့firewallတွေ ရှိမနေပေမယ့်လည်း သူတို့ကို installတင်ခဲ့တဲ့သူဖြစ်တဲ့ ကျန့်လီချွမ်အနေနဲ့ကတော့ အရေးပါသည့် အစိုးရဌာနများတွင်ထားရှိသည့် firewallsများထက် မလျော့ကြောင်း သေချာသိနေလေသည်။

 

သို့ရာတွင် ဒီအမျိုးသမီးကတော့ တစ်မိနစ်ထက်နည်းသည့်အချိန်တွင် ဟက်ခဲ့လေသည်။

 

 

 

ဒါဟာ သူမ ဘယ်လောက်တောင် ကျွမ်းကျင်သလဲဆိုတာ ပြသနေသည်။…သူမဟာ သေချာပေါက် အတော်လေးကျွမ်းကျင်သူဖြစ်ရမည်။

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Where stories live. Discover now