စာစဥ် ၈

262 23 2
                                    

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ!:

စာစဥ် ၈ ၊ အခန်း ၁ ။ သူဘယ်လိုများလုပ်ဝံ့တာလဲ

ကျင်းပါးက ကျင်းမားကိုသာမက ထောင့်တစ်နေရာတွင် ငိုနေသည့် ကျင်းလုကိုပါ ဆူပူပြီးမှ အခန်းထဲက သွားသည်။

ကျင်းလုက သူမအဖေထွက်သွားတာကို ကြည့်ပြီး မျက်ရည်များက ပိုမိုကျဆင်းလာတော့သည်။

“မား..ပါးက သမီးကို စိတ်ဆိုးသွားတာလား။သမီးက အစ်မလောက် မလှပါဘူး။ပြီးတော့ သူ့လောက်လည်း ပုံရိပ်ကောင်းကောင်း မရှိပါဘူး။မွေးရာပါ ကျန်းမာရေးကမကောင်းပါဘူး။သမီးတို့ ငယ်ငယ်လေးကတည်းက အစ်မက သမီးထက် အရာရာမှာ ပိုတော်ခဲ့တယ်။အစ်မရဲ့ပညာရေးက တခြားဟာတွေထက် ပိုတောင်တော်သေးတယ်။အခုဆို သူက ပါးကုမ္ပဏီကို ကူညီပေးနိုင်ခဲ့လို့ ပါးက သမီးကို မေ့သွားတာလား။သမီးကို အခုဆို မုန်းနေပြီမလား။”

ကျင်းမားလည်း သူမသမီးလေး နှုတ်ခမ်းများ ဖျော့တော့လာသည်အထိ အတော်ဆိုးဆိုးဝါးဝါး ငိုနေတာကို မြင်တော့ ကျင်းလုကို အမြန်ပွေ့ဖက်လိုက်ပြီး နှစ်သိမ့်ပေးလေတော့သည်။

“မဟုတ်တာကွယ်။အဲ့ဒီလိုဖြစ်မလာနိုင်ပါဘူး။ရှောင်လုကိုလားမုန်းမှာ။ပါးပြောခဲ့တာတွေကို မေ့ပစ်လိုက်စမ်းပါ။သမီးနဲ့ သမီးအစ်မကို  သူကြည့်တဲ့ပုံက တူမှမတူတာ။သူ သမီးကို ဘယ်လောက်ချစ်သလဲဆိုတာ သမီးမသိဘူးလား။”

“ဒါပေမဲ့…အခုလေးတင်ပဲ သမီးကို ဆူသွားတာလေ။ပါး သမီးကို မကူညီပေးချင်တော့လို့မလား။”

ကျင်းမားသည် သူမသမီးလေး၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်ရင်း သူမကို ဆက်လက်နှစ်သိမ့်ပေးလေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။သူက သမီးကို အချစ်ဆုံးပဲလေ။သူ ကျင်းချန်ကို ကောင်းပေးနေတယ်ဆိုတာလည်း သမီးကို ကူညီပေးဖို့ကြိုးစားနေတာပါ။အဲ့ဒီအတွက်တော့ စိုးရိမ်မနေပါနဲ့။သမီးရဲ့ပါးနဲ့မားက သမီးကို ဘယ်လိုပဲဖြစ်ဖြစ် ကူညီပေးမှာပါ။”

“မား သမီးကို ကူညီရမယ်နော်။အခုရိုက်မယ့်ဒရမ်မာက ပရိတ်သတ်အကြိုက်များတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်မှာ။နာမည်ကြီးမင်းသာ ယွင်ရှောင်လည်း ပါမှာလေ။

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Место, где живут истории. Откройте их для себя