စာစဥ် ၂ ။ အခန်း ၆ မှ ၁၀ ထိ။

Start from the beginning
                                    

“လုံးဝမဟုတ်ပါဘူး။”

ချင်းရီ ချက်ချင်း ငြင်းပယ်လိုက်ရသည်။

“ဒါဆိုလည်း ပြီးတာပဲ။ဒီည ကျွန်မကို ကတိပေးခဲ့တာကို အမှတ်ရနေရမယ်။အဲ့ဒီခွေးမတွေနဲ့အတူ ရှင်တို့ ကျွန်မကို သစ္စာဖောက်နေတာကို မတွေ့စေနဲ့ပေါ့။မဟုတ်ရင်တော့ ရှင် ရှင့် ကတိကိုချိုးဖောက်မိလို့ ရမယ့် မိုးကြိုးနဲ့ လျှပ်စီးနဲ့ယှဉ်ရင် ကျွန်မရဲ့လက်စားချေမှုက ပိုပြီးတော့တောင် ဆိုးဝါးလိမ့်မယ်။အခုကစပြီး ကျွန်မက ရှင့်ရဲ့ရင်းနှီးမြှုပ်နှံသူဆိုတာကို သတိရပါ။ကျွန်မ ရှင့်ကို ငြီးငွေ့လာရင် ရှင့်ရဲ့ကံကြမ္မာတစ်ခုလုံးရဲ့ အရင်းမြစ်အားလုံး မြောင်းထဲကို ရောက်သွားလိမ့်မယ်။ရှင်နားလည်လား။”

 

စကားလုံးနှင့်မပြောနိုင်အောင်ပင် ချင်းရီ ထိတ်လန့်သွားရလေသည်။

 

သူ့နောက်မှ မထိန်းနိုင်မသိမ်းနိုင် အသက်ရှူမဝနေသည့် အမျိုးသမီးမပြောနှင့်။ချင်းရီကိုယ်တိုင် ဒီမိန်းမကြောင့် ဒေါသထွက်ရလွန်းလို့ နှလုံးရောဂါတောင် ရတော့မည်ဟု ခံစားနေရသည်။

သူမက သူ့ကို ခြိမ်းခြောက်လိုက်တာဖြစ်သည်။

*အဲ့ဒီခွေးမက သူ့ကိုများ ခြိမ်းခြောက်ရဲတယ်။*

 

ဖုန်းနံပါတ်နှင့် အသံက ကျင်းချန်ပိုင်ဆိုင်ထားသည့် အသံပဲဆိုတာ သူ မသေချာခဲ့ရင် ကျင်းချန်အစား သရဲတစ်ကောင်နှင့် စကားပြောနေရသည်ဟု တွေးထင်မိလောက်သည်။

 

ချင်းရီ ဘာမှမပြောနိုင်သေးခင် ကျန်းချန်က အရင် ဖုန်းချပစ်လိုက်လေသည်။

 

ဖုန်းထဲမှ “တတူတူ”မြည်တဲ့အသံပဲ ထွက်လာပြီး home screenကို ပြန်ပြောင်းသွားသည်အား သူ ကြည့်ပြီး  ချင်းရီ အံ့အားသင့်သွားရသည်။

*သူက စကားပြောလို့တောင် မပြီးသေးဘူးလေ။*

ကျင်းချန် ဖုန်းချသွားတာကို သေချာစစ်ပြီးမှ အစော်ကားခံရလို့ ဖျော့တော့နေတဲ့ ထို အမျိုးသမီးက ချက်ချင်းပဲ စတင်ပြီး ငိုကြွေးတော့သည်။

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Where stories live. Discover now