စာစဥ် ၂ ။ အခန်း ၁ မှ ၅ ထိ ။

Start from the beginning
                                    

 

သူမ၏လှုပ်ရှားမှု တစ်ခုချင်းစီက ရက်စက်တတ်သော ညှို့ဓာတ်တစ်ခုနှင့် ပြည့်နေလေသည်။

 

“ဘယ်ကို သွားမလို့လဲ ခယ်မလေး။”

 

“ဒီအတိုင်း လမ်းလျှောက်သွားမလို့ပါ။”

 

ကျင်းချန်က ပုံမှန်အတိုင်း ပျင်းရိပျင်းတွဲ့ဖြင့်  လမ်းလျှောက်သွားလေသည်။စကားပြောတာကလည်း လေးတွဲ့တွဲ့ဖြင့် ဖြစ်သည်။သူမ၏အသံမှာ သူ့နှလုံးသားကို ငှက်မွှေးလေးတစ်ခုဖြင့် ကလိကလိလုပ်နေသလိုပင်။ ယားကျိကျိနှင့် ကျန်နေခဲ့ရသည်။

 

 

“အခု အပြင်ကို လမ်းထွက်လျှောက်မလို့လား။အပြင်မှာ အရမ်းအေးနေတဲ့အချိန်မလား။”

 

“အပြင်မှာ အေးတယ်?။ကျွန်မတော့ မခံစားမိပါဘူး။”

 

ကျင်းချန်က နတ်သူငယ်တစ်ယောက်လို သူ့ဘေးကို မြန်မြန်ဆန်ဆန်ပဲ ဖြတ်လျှောက်သွားလေသည်။

 

ထွက်ခွာသွားတဲ့ သူမရဲ့ပုံရိပ်လေးကို ကြည့်လိုက်မိတာကြောင့် ကျန့်ယွီဟုန်မှာ ဆွဲဆောင်ညှို့ယူခံလိုက်ရတော့သည်။

 

ကျင်းချန်က ကျန့်မိသားစုထဲကို လက်ထပ်ထိမ်းမြားပြီး ဝင်ရောက်လာခဲ့တာ သုံးပတ်ရှိပြီဖြစ်သည်။ဒီမတိုင်ခင်မှာ သူမက ကြည့်ကောင်းပေမယ့် သူ့အတွက်တော့ ဆွဲဆောင်မှုမရှိဘူးဟု သူထင်နေခဲ့တာဖြစ်သည်။

 

တကယ်တော့ လက်တလော Hမြို့က အချမ်းသာဆုံးမိသားစုရဲ့ သခင်လေးဖြစ်တာကြောင့် သူအလိုရှိတာနှင့် celebritiesတွေအားလုံးက ပျားတွေက ပျားရည်ရဲ့ဆွဲဆောင်ခံရသလို သူ့ကို တွယ်ကပ်ကြလိမ့်မည် ဖြစ်သည်။ဒါကြောင့် သူ့အဘိုးက သူ့ညီလေးအတွက် မင်းသမီးတစ်ယောက် တွေ့ထားတယ်ဆိုတဲ့အကြောင်းကို ပြောပြတော့ ရှက်ကိုးရှက်ကန်းနဲ့ပြောပြနေတဲ့ ဆုံးဖြတ်ချက်ကို သူက လှောင်ရယ် ရယ်လိုက်သေးသည်။

 

ဒါပေမယ့် ဒီနေ့တော့ အဝေးကိုသွားဖို့ ငြင်းဆန်းရင်း ကျင်းချန်ရဲ့အပြုံးတိုင်း မျက်မှောင်ကြုတ်တာကအစ သူ့ခေါင်းထဲမှာ ပြန်ပေါ်လာတော့သည်။

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Where stories live. Discover now