Part 7 (uni/zawgyi)

Start from the beginning
                                    

အတည်ဟာညိုအကြောင်းတွေသိလာလေလေ ဦးဆန်းထူးတို့တစ်အိမ်လုံးကို မုန်းလေလေဖြစ်သည်....

"ဟဲ့ကောင်လေး နောက်နင် ညိုအနားမလာနဲ့တော့"

"ဟာ ဘာဆိုင်လို့လဲဗျ"

"အဲ့လူမဆန်အိမ်နဲ့ပက်သက်သူမှန်သမျှညိုအနားကပ်စရာမလိုဘူး"

"ဟာ ဘာမှမဆိုင်ဘူး ကျွန်တော်မမကိုသိခဲ့တာ သူတို့နဲ့ပက်သက်နေတယ်မသိခင်တည်းက ......မမသူကဘယ်သူလဲ"

"တို့ သူငယ်ချင်းပါ "

"အဲ့ဒါတွေထားပါ မမအခုဘယ်မှာနေလဲ ဘာတွေလုပ်နေလဲ"

"မင်းကဘာလုပ်ဖို့လဲ"

"ကျွန်တော်သိချင်တာပေါ့ ကျွန်တော်မမကိုစမြင်တည်းကချစ်ခဲ့တာပိုင်ရှင်ရှိတဲ့သူမို့ ငြိမ်နေခဲ့ရတာ အခုမမကို ဘယ်သူမှ မပိုင်တော့ဘူး သတင်းကြားကြားချင်း မောင် နိုင်ငံခြားကနေချက်ချင်းပြန်လာခဲ့တာ မမအရင်အလုပ်လုပ်တဲ့နေရာမှာလည်းကျွန်တော်ရှာတယ် ပြောင်းသွားပြီဆိုလို့ ကျွန်တော်ရသမျှသတင်းနဲ့ရှာနေတာ ဒီနေ့တော့ကံတရားကမျက်နှာသာပေးလိုက်ပြီ ကျွန်တော်ချစ်တဲ့မမကို တွေ့လိုက်ရပီ"

"အို"

အတည်ရှေ့မှာအခုလိုချည်းဘွင်းဘွင်းရှင်းရှင်းကြီးဖွင့်ပြောခံလိုက်ရတာမို့ ညိုဟာ မျက်နှာတွေအတော်ပူကာရှက်သွားမိပါတော့သည်....

"ဝိုး ညိုရေ ချာတိတ်လေးက အလာကြီးဟ"

အတည်ဟာ တံတောင်နဲ့ တွတ်ကာ ညိုကိုစနေပြန်ပါတော့သည်......

"ပေးလေ လိပ်စာ"

"မပေးပါဘူး ဘာလို့ပေးရမှာလဲ လာ အတည်ပြန်မယ်"

"ဟာ မမ နေအုံးလေ.... မမ...မမ"

ဇာမဏီဟာညိုတို့အနောက်ကနေ ထပ်ကြပ်မကွာလိုက်လေသည်...

"ဆက်မလိုက်နဲ့နော် ဘုန်းဇာမဏီသစ်"

"အာ့ဆို လိပ်စာပေးလေဗျာ မဟုတ်လည်း ဖုန်းနံပါတ်"

"ဘာတစ်ခုမှ မင်းကိုတို့ပေးစရာအကြောင်းမရှိဘူး"

ညိုဟာ တစ်ခုလပ်မို့ သူများအပျိုတွေထက်တောင် ပတ်ဝန်းကျင်အမြင်မှာဆူးငြောင့်ခလုတ်မဖြစ်အောင်နေရပါသည်..မဟုတ်ရင် လူတွေရဲ့ပါးစပ်က ကိုယ့်သိက္ခာရဲ့တစ်စိတ်ကိုတစ်အိတ်လုပ်ကြပါသည်....

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now