ချင်ကျန်း အခန်းထဲမှ အမြန်ထွက်လာလိုက်သည်။

"ယွင်နန်နဲ့  လုကျောက်အန်း အလုပ်လုပ်တဲ့နေရာကို ရှာလိုက်။ အသေးစိတ် စုံစမ်းထားလိုက်။ ညနေ ငါ သူ့ကို သွားကြိုမယ်။"

"နားလည်ပါပြီ၊ ခေါင်းဆောင်။" ချင်ကျန်း အများကြီး စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။

...

လုကျောက်အန်းမှာ တည်တည်တံ့တံ့နဲ့  ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သူဖြစ်သည်။

အခုတွင်၊  သူက ရှီယွင်နန်အပါအဝင် အခြားနာမည်ကြီး ဒီဇိုင်နာများနဲ့ ပူးပေါင်းရန် ဆုံးဖြတ်ထားတာကြောင့်၊ ဒီဇိုင်နာများ နေ့စဉ်အလုပ်လုပ်ရာတွင်  အဆင်ပြေချောမွေ့စေရန် လင်းလုံစျေးအနီးတွင် သေသပ်စွာ ပြင်ဆင်ထားသည့် ရုံးခန်းကို ငှါးပေးထားသည်။

သေချာပေါက် ဒီရုံးခန်းမှာ မဖြစ်မနေလိုအပ်တာမဟုတ်သော်ငြား

ကျောက်စိမ်းဈေးနဲ့ နီးတာကြောင့် ဒီဇိုင်နာများ နမူနာရန် အဆင်ပြေလှသည်။

ရှီယွင်နန်သည် ရုံးခန်းကို အကျဉ်းချုံးလေ့လာကြည့်လိုက်သည်။

"ဝင်ပေါက်မှာ မင်းရဲ့လက်ဗွေရာကို စကားဝှက်ထားထားပါတယ်။ နောက် လိုအပ်ရင် အချိန်မရွေးလာလို့ရတယ်။ "

"ကောင်းပါပြီ။"

"ယွမ်မိသားစုစက်ရုံနဲ့ ကျောက်စိမ်းဂိုဒေါင်ကို ခေါ်သွားပေးရတော့မလား? ဒီ လင်းလုံစျေးနောက်မှာပါပဲ။"

စျေးကို စတင်တည်ထောင်ချိန်တွင် ယွမ်မိသားစုက "မြေပိုင်ရှင်" ဖြစ်နေတာကြောင့် သူတို့ကိုယ်ပိုင်စက်ရုံများကို တမူထူးတဲ့ မြေနေရာတွေမှာ နေရာချထားသည်။

နှစ်ယောက်သား ခြေလှမ်းအနည်းငယ်လှမ်းရုံဖြင့် ယွမ်ကျောက်စိမ်းစက်ရုံသို့ ရောက်လာကြသည်။

"အင်ပါယာမြို့တော်မှာ ယွမ်မိသားစုစက်ရုံနှစ်ရုံရှိပါတယ်။ အကြီးတစ်ခု၊ အသေးတစ်ခုပေါ့။ အကြီးကိုကြ ပြန်မွန်းမံတာတို့၊ ဖြတ်တောက်ဖို့ အတွက်သုံးတယ်။ အသေးကိုတော့ အရည်အသွေးမြင့်မြင့် ထွင်းထုနိုင်ဖို့ အတွက်သုံးတာပါ။ ပြီးတော့ တခြားမြို့နယ်အသီးသီးက ကျောက်စိမ်းဈေးတွေမှာလဲ ကျောင်းစိမ်း ပန်းပု စတူဒီယိုအခွဲတွေ ဖွင့်ထားပါတယ်။ "

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Hikayelerin yaşadığı yer. Şimdi keşfedin