"မလိုပါဘူး မစ္စတာလော့။"

အထူးသဖြင့် ရှီယွင်နန်က မစ္စတာလော့ဆိုတဲ့ အခေါ်အဝေါ် ကို ပိုဖိပြောလိုက်သည်။

"..."

လော့လင်းရှန်း ဘာပြောရမှန်းမသိတော့။

သူက အမြဲတမ်း ရင့်ကျက်ပြီး တည်ငြိမ်နေခဲ့တယ်။ ဒါပေမယ့် ပထမဆုံး အကြိမ်အနေနဲ့ အဲ့နေ့က လေ့ကျင့်ရေးခန်းထဲကို သူပြန်ရောက်ချင်မိလေသည်။ ရှီယွင်နန်ကို နာကျင်စေခဲ့တဲ့ စကားလုံးတွေကို ပြန်သိမ်းနိုင်ဖို့ သူမျှော်လင့်နေမိသည်။

ရှီယွင်နန်ကတော့ လော့လင်းရှန်းရဲ့ ဝမ်းနည်းပက်လက် မျက်နှာကြီးကို မြင်သောအခါ သူ့နှုတ်ခမ်းထောင့်လေးတွေ အမြန် ကွေးတက်သွားတော့သည်။

သူရဲ့ ခုနက အောက်ထပ်ကို ဆင်းလာတုန်းက ထုံမှိုင်းနေသည့် ပုံစံနဲ့မတူဘဲ ပိုသွက်လက်ပြီး တက်ကြွသည့် ခြေလှမ်းတွေနဲ့ လော့အိမ်တော်ကနေ ထွက်သွားလိုက်သည်။

လော့လင်းရှန်းကတော့ တံခါးကနေဖြတ်သွားသည့် ရှီယွင်နန်ရဲဲ့ နောက်ကျောလေးကို မတတ်သာစွာ ကြည့်နေမိရင်း၊ သူ့စိတ်ထဲမှာတော့ တစ်ဖက်လူရဲ့ ဒီရက်ပိုင်း သူ့ကိုဆက်ဆံပုံတွေနဲ့သာ ပြည့်နှက်နေပြီး သူ့နှလုံးသားထဲတွင် မကောင်းတဲ့ ခံစားချက်တွေနဲ့သာ ပြည့်နှက်နေတော့သည်။

နှစ်ယောက်သား သဘောတူထားရှိသည့်နေကစပြီး၊ ရှီယွင်နန်က အရင် သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို အမြဲနီးအောင် စခဲ့သည်။

ဒါမယ့် အခုတော့၊ တစ်ဖက်သားက နည်းနည်းလေးတောင် လှည့်မကြည့်ဘဲထွက်သွားခဲ့သည်။ သူ့ကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ အသိနဲ့ ရင်ဆိုင်လာရတဲ့အခါ၊ သူ့စိတ်ထဲက ရင့်ကျက်နေတဲ့ ရည်ရွယ်ချက်တွေဟာ သဲလုံးတစ်လုံးမျှသာ ဆိုတာ သူနားလည်လိုက်သည်။

သူ သူ့ရှေ့က လူကို ဖမ်းဆွဲထားချင်တယ်။

အစကနေ အဆုံးထိ ဒီအတွေးတွေဟာ သူနဲ့အတူရှိနေခဲ့တယ်။

" ချင်ကျန်း။" လော့လင်းရှန်း မျက်မှန်ကို ချွတ်လိုက်ပြီး ကိုက်ခဲနေသော မျက်လုံးများကို ပွတ်သပ်ကာ အသံကျယ်ကျယ်နဲ့ အော်ခေါ်လိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now