အဲ့ဒါထက် တကယ်လို့ လော့လင်းရှန်းသာ စာချုပ်နဲ့ လက်ထပ်ချင်တယ်ဆို၊ စာရင်းသွင်းမယ့်သူတွေ အပြေးအလွှားရောက်လာမှာပဲလေ၊ ဒါဆို တစ်ကြိမ်ပဲတွေ့ဖူးသေးတဲ့သူကို ဘာလို့ ရွေးချယ်ခဲ့တာလဲ?

"ရှောင်ရှုရှု ဝမ်းနည်းနေတုန်းလား?"

ရှီယွင်နန် စကားမပြောတော့တာကိုမြင်တော့ ရွှေငါးလေးက သူ့ရဲ့ နုနုအိအိမျက်နှာလေးကို သူ့ရှေ့မှာ မော့ပြလာကာ "ဒါဆို သားပါးလေးကိုဆွဲလေ။ အဲ့လိုဆွဲတာ ပျော်စရာကောင်းတယ်။"

ရှီယွင်နန်တစ်ယောက် ရွှေငါးလေးကြောင့် ရယ်မိသွားပြီး သူ့ဆန္ဒအတိုင်း သူ့ပါးလေးကို ဆွဲပေးလိုက်သည်။

"ရှောင်ရှုရှု၊ မစိုးရိမ်နဲ့နော်။ ရှုရှုက ရှောင်ရှုရှုကို ဒေါသထွက်အောင် လုပ်ရင် သားကြီးလာတာနဲ့ သူ့ကို ပညာပေးပစ်မယ်။"

သူ့ရှုရှု အိမ်မှာမရှိတာကြောင့် ရွှေငါးလေးက ရှီယွင်နန်ကို မျက်နှာသာပေးဖို့ တွန့်ဆုတ်မနေပေ။

ရှီယွင်နန် အံ့ဩချင်ယောင်ဆောင်လိုက်ပြီး "ရို့၊  မင်းက လော့လင်းရှန်းကို ဘယ်လိုပညာပေးရမလဲ သိတယ်ပေါ့?"

ရွှေငါးလေးတစ်ယောက် လော့လင်းရှန်းရဲ့ မျက်နှာတည်တည်ကြီးကို တွေးမိသွားပြီး ချက်ချင်းပင် လန့်သွားတော့သည်။ "...... ဒါဆို သားတို့ တူတူပညာပေးကြမလား? ရှုရှုက ရှောင်ရှုရှုပေါ်ဆို ဒေါသမထွက်ရဲလောက်ပါဘူး။"

"ဘယ်သူပြောလဲ? သူ ဒီနေ့ ရှောင်ရှုရှုအပေါ် ဒေါသထွက်တယ်။"

"အာ? ဒါဆိုရင်တော့ ရှုရှုက အရမ်းဆိုးတာပဲ။"

အကြီးလေးနဲ့ အသေးလေးမှာ ကြုံရာကျပန်း ချစ်ဖို့ကောင်းတဲ့ ကလေးဆန်ဆန် စကားလေးတွေကို ပြောနေကြလေသည်။

သူ့ပုံမှန်အိပ်ရာဝင်ချိန်ရောက်သောအခါ၊ ရွှေငါးလေးက သမ်းလိုက်ပြီး မျက်ရည်များဝဲနေသည့် မျက်လုံးလေးကို ပွတ်သပ်လိုက်ရင်း

"....ရှောင်ရှုရှု"

"အိပ်ချင်နေပြီမလား? ရှောင်ရှုရှုက မင်းအိပ်ယာထဲ ချီသွားပေးမယ်။"

"ရှောင်ရှုရှုနဲ့  တူတူအိပ်လို့ရမလား?" ရွှေငါးလေးက သူ့ခန္ဓာကိုယ်ပေါ်ရှိ ညဝတ်ကြောင်ဝတ်စုံလေးကို ငုံ့ကြည့်ပြီး အနံ့ခံလိုက်သေးသည်။ "သား ရေချိုးထားတယ်၊ မနံပါဘူး။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now