အခန်း ၃၃ ပိုက်ဆံ

Start from the beginning
                                    

အက်တီယမ် က သူ့နှုတ်ခမ်းတွေကို
  သက်ပြင်းတစ်ချက်ချလိုက်ပြီး
"မင်းကို တစ်ခုလောက်မေးချင်တယ်
ငါ့ကို အမှန်အတိုင်းဖြေပေးနိုင်မလား? "
ဂျူလီယမ်က လွတ်ထွက်သွားပေမယ့်၊ "မေးလေ "

အက်တီယမ်က သူ့သူငယ်ချင်းကို
"မင်း သူ့ကို ကြိုက်လား? "

ဂျူလီယမ် က အက်တီယမ် ကို မေးလိမ့်မယ်လို့
မမျှော်လင့်ထားတာကြောင့် တုန့်ပြန်မှုမှာ
နှုတ်ဆိတ်နေခဲ့ပါတယ်

အတိတ်က အဖြစ်အပျက်တွေကနေ
လူးရှပ်စ် ရဲ့ လုပ်ရပ်တွေကို တွေးရင်း
ဂျူလီယမ် ဟာ ဗီလိန်က ဒီလောက်ဆိုးတဲ့လူ
မဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်
သူက ခေါင်းမညိတ်ခင်မှာပဲ “ကောင်းပြီ
ငါပြောပြမယ်”

ဂျူလီယမ် က လူပြက်လို မျက်နှာနဲ့
"မသိဘူး ဒါပေမဲ့
အရာအားလုံး ပျော်ရွှင်ဖွယ်အဆုံးသတ်ကို
ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်မိတယ်
ဒီလောက်ပါပဲ "

စာအုပ်၏ ဇာတ်ကွက်က အမည်မသိ
ပန်းတိုင်သို့ ဦးတည်နေပြီ
အဲဒီလိုမှဖြစ်မလာရင်‌ေတာ့ သူလယ်လုပ်ဖို့အတွက်
ခြံဝင်းလေးတစ်ခုဝယ်မယ် တစ်ဖက်မှာလည်း
ပန်းပင်တွေနဲ့ တခြားအပင်တွေစိုက်ပြီး
ကြက်၊ ဘဲနဲ့ ငါးတွေကို အစာကျွေးမယ်
ဂျူလီယမ်ဟာ ရေကန်ထဲမှာ ငါးလေးတွေလို
ပျော်ရွှင်ဖွယ်ဘဝကို ပုံဖော်နေပြီဖြစ်၏

အတွေးနဲ့တင် သူမပြုံးပဲ မနေနိုင်တော့ဘူး
" အိုး မင်း ကောင်းကောင်းကစားနေတာပဲ  "

ထိုအချိန်တွင် အိုင်ယမ် က " ဂျူလီယမ် ထွက်လာတော့ မနက်စာ အဆင်သင့်ဖြစ်‌ေနပြီ!"

အခန်းထဲတွင် လှုပ်ရှားမှုမရှိပေ
သူ့ညီလေးက သူ့ကို လျစ်လျူရှုထားဆဲပဲ

အိုင်ယမ် သည် အခန်းတံခါးကိုဖွင့်လိုက်သောအခါတွင် ဂျူလီယမ်ဟာ လွတ်လွတ်လပ်လပ်ပြုံး‌ေပျာ်‌ေနသည့် အမူအရာဖြင့် ကုတင်ပေါ်မှာထိုင်နေသည်ကို
သူတွေ့လိုက်ရသည်။

သူက ဘာ‌ေကြာင့် ငါး‌ေလးတစ်ကောင်လို
ပျော်မြူးနေရတာလဲ

အိုင်ယမ်က သူ့ကို အံ့အားသင့်စွာကြည့်နေတယ်
"မင်းဘာလုပ်နေတာလဲ"

ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလိန်အိုမီဂါလေးဖြစ်လာ [ Rebirth; System ] Volume I Where stories live. Discover now