ရန်လုကျွင်းက နင်ကသာအခြေနေဆိုးနေတာလို့ပြောရန်ကြံလိုက်ပေမဲ့ သူမဘေးမှာရှိတဲ့ သဟိုင်ကတော့ဆရာဝန်ကိုဇွတ်ကျေးဇူးတင်နေသည်။ ထို့နောက်ရန်လုကျွင်းနားနားသို့ကပ်ကာ
“မစ္စရန် ထိုလူကလွန်ခဲ့တဲ့နာရီဝက်ကတည်းက ရောက်နေပါပြီ”ဟုပြောလိုက်သည်။
အစကတည်းက မေးခွန်းတွေနဲ့ပိနေတဲ့ရန်လုကျွင်းတစ်ယောက်ခေါင်းရှုပ်သွားလေသည်။
“ဟမ် ဘယ်သူ?”
မမလေးဖြစ်သူ၏အမေးကို ကြားလိုက်တဲ့သဟိုင်၏မျက်နှာတွင် ရှက်ရွံ့မှု့အရိပ်ယောင်ပေါ်သွားသည်။
“ကုချီပါ ဂျင်ရှောင်နဲ့တစ်ခြားသူတွေကိုမမလေးက ကုချီကိုမမလေးရဲ့အိမ်ကို ပို့ပေးပို့မှာထားခဲ့တယ်မဟုတ်လား။ မဟုတ်မှလွဲရောဒီတစ်ခေါက် ကုချီကိုပါမေ့သွားတာလား?”
“ကု…”ရန်လုကျွင်းတစ်ယောက် ခေါင်းကိုတူနဲ့အထုခံလိုက်ရသလို လန့်ဖြန့်သွားလေသည်။ထို့နောက်သူမအသံကိုကျယ်လိုက်ကာ
"ကုချီဟုတ်လား!!?"
မမလေးရန် ၊ စိတ်မကျန်းမာခြင်း ၊ အိမ်ကိုဖမ်းခေါ်လာတဲ့ကုချီ ၊ ရှောက်ဂျင်…တို့တဲ့လား..
ရန်လုကျွင်တစ်ယောက်ခဏတာငိုင်သွားသည်။
သူမကြောက်တာကသူမက သာမာန်အချိန်ခရီးသွားရုံမဟုတ်ပဲ စာအုပ်ထဲကိုရောက်နေမှာကိုပင်။သူမသတိမလစ်ခင်တုန်းက ဖတ်ခဲ့တဲ့စာအုပ်လေ။သူမကအဲ့စာအုပ်ထဲကအမျိုးသမီးကြီးနဲ့မျိုးရိုးနာမည်ရော နာမည်ပါတူနေတယ်!
လေယာဉ်မပျက်ကျခင်တုန်းက ရန်လုကျွင်းဖတ်ခဲ့တဲ့စာအုပ်ကတော့ “နှလုံးခုန်နှုန်းကန့်သတ်ချက်” ဆိုသည့်စာအုပ်ပင်ဖြစ်သည်။
ထိုစာအုပ်တစ်နှစ်ပတ်လုံးအတွင်းမှာ အကောင်းဆုံးသောရိုမန့်တစ်စာအုပ်ပင်ဖြစ်သည်။ထိုစာအုပ်ထဲမှာ ဗီလိန်နေရာသည်တကယ်ကို အသစ်အဆန်းနှင့်အကောင်းဆုံးဖန်တီးနိုင်မှု့တစ်ခုဖြစ်သည်။
ဇာတ်လမ်းထဲက ဗီလိန်ဟာဆင်းရဲဒဏ်ပေါင်းများစွာကို ခံစားခဲ့ရပြီး ကံကြမ္မာအပြောင်းလဲဖြစ်သွားတဲ့အချိန်မှာတော့ သူလက်စားချေခွင့်ရခဲ့သည်။သို့သော်သူက ဘယ်တော့မှလူကောင်းများကို နာကျင်အောင်မလုပ်ပေ။သူမတောင် ထိုဗီလိန်အတွက်သနားမိလို့ ကောမန့်များဖြင့်ရန်ပွဲနွှဲခဲ့ရသေးသည်။
YOU ARE READING
ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)
RomanceTranslation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛