မိုရိရှုက ရှင်းပြလိုက်သည်။

"အာ အဆင်ပြေပါတယ်။ ရတယ် ရှောင်ရွှယ်... အဆင်ပြေတယ်" 

မေမေမိုက ဇဝေဇဝါဖြစ်လာပြီး သူမရဲ့မျက်လုံးတွေက လင်းယင်းရွှယ်ရဲ့ ခန္ဓာကိုယ်ဆီသို့ မကြာခဏ စိုက်ကြည့်နေသည်။

ညစာ အဆင်သင့်ဖြစ်ပြီဟု အိမ်တော်ထိန်းက လူတိုင်းကို အသိပေးလိုက်သည်။

သူတို့အားလုံး ညစာစားဖို့ ထမင်းစားခန်းကို သွားခဲ့ကြတဲ့အခါ မေမေမိုက တစ်ခုခုယူဖို့ အပေါ်ထပ်တက်ရမယ်လို့ ချက်ချင်းပြောလာပြီး မိုရိရှုကိုလည်း တက်လာဖို့ ခေါ်ခဲ့သည်။

သားအမိနှစ်ယောက် အခန်းထဲ ဝင်လိုက်သည်နှင့် မေမေမိုရဲ့အမူအရာက ချက်ချင်း လေးနက်သွားခဲ့သည်။

"ငါ့ကို ပြောစမ်း လင်းယင်းရွှယ်က မိန်းကလေးလိုဝတ်ရတာ ကြိုက်တဲ့ယောက်ျားလေးလား" 

မေမေမိုက ဒေါသတကြီးပြောလိုက်သည်။

မိုရိရှုက ဆွံ့အသွားကာ မျက်နှာပေါ်တွင် အနက်ရောင်မျဉ်းတွေ တွဲလောင်းကျလာခဲ့သည်။

ဒီစကားလုံးကို မေမေ ဘယ်သူ့တွေဆီက သင်ယူခဲ့တာလဲ။ ဒီလိုထူးဆန်းတဲ့မေးခွန်းက ဘယ်လိုထွက်လာရတာလဲ။ လင်းယင်းရွှယ်က ဘယ်နားကနေ မိန်းကလေးအဝတ်အစား ဝတ်ရတာကြိုက်တဲ့ ယောက်ျားလေးနဲ့ တူသွားရပြန်တာလဲ။ ဘယ်ကနေစရမှန်းမသိတဲ့ မေးခွန်းတွေ အများကြီးရှိလာခဲ့သည်။

မိုရိရှုရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာကို မြင်လိုက်ရတော့ မေမေမိုက လန့်သွားသည်။

သူမက အသံကို မြှင့်လိုက်သည် : "မင်း တကယ်ပဲ မိန်းကလေးအဝတ်အစား ဝတ်ရတာ ကြိုက်တဲ့ ယောက်ျားလေးကို ခေါ်လာခဲ့တာလား။ မင်းငါ့ကို စိတ်တိုပြီး ရူးသွားစေချင်နေတာလား" 

သူ့သားအငယ်ဆုံးက မြေးရဖို့အတွက် သူမရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တာမို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားပဲ နေတော့မှာလဲ။

မိုရိရှုက မနေနိုင်တော့ဘဲ အရင်မေးလိုက်သည်။ 

"မေမေ... အဲ့'မိန်းကလေးအဝတ်အစား ဝတ်ရတာ ကြိုက်တဲ့ယောက်ျားလေး'ဆိုတဲ့ စကားလုံးကို ဘယ်ကနေ သင်ယူခဲ့တာလဲ"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now