အခန်း ၄၉

4.6K 883 12
                                    

Raising You This Small Stuff

Unicode

အခန်း ၄၉: ချောင်းကြည့်တဲ့ ဒူဒူ!

"ချန်စန်းးးး" 

အလားတူပင် မိုရိချန်ကလည်း တစ်ဘက်ကလူက ဘယ်သူလဲဆိုတာတောင် ရှင်းရှင်းလင်းလင်းမြင်ရဖို့ အချိန်မယူတော့ဘဲ  သူ့လက်ထဲရှိ ဖဲကြိုးကို လွှတ်ချလိုက်တော့သည်။

ချန်စန်းက အခုချိန်မှာ သူ့အသက်ကို ကယ်တင်ဖို့ ဂိမ်းကို ဘရိတ်အုပ်သင့်လားဟု တွေးရင်း စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချလိုက်သည်။

အစီအစဥ်တင်ဆက်သူက အတွင်းဇာတ်လမ်းကို မသိသဖြင့် အားလုံးလိုက်ဖက်ညီနေပြီလို့ မြင်မိတာကြောင့် ဒီတစ်ကြိမ် CPပေါင်းစပ်မှုတွင် အမျိုးသားနှင့်အမျိုးသမီး CP သုံးတွဲ၊ အမျိုးသား CPတစ်တွဲနှင့် အခြားအမျိုးသမီး CPတစ်တွဲ ပါဝင်ကြောင်း  စိတ်လှုပ်ရှားစွာ ကြေညာလိုက်သည်။

"ထုံးစံအတိုင်းပဲ စိန်ခေါ်မှုကို အရင်ပြီးအောင်လုပ်ဖို့ အမျိုးသားနဲ့ အမျိုးသမီးဧည့်သည်စုံတွဲတွေကို ဖိတ်ခေါ်ပါရစေ" 

အစီအစဥ်တင်ဆက်သူက သူ့ပစ်မှတ်ကို သော့ခတ်ထားလိုက်တော့သည်။

ယွမ်းစွော်က မိုရိချန်ရဲ့နောက်တွင် ပုန်းနေရင်း အနည်းငယ် ကြောက်လန့်နေခဲ့သည်။ ချန်စန်းက လူလိမ်ကြီးပဲ။ မိုရိချန်က တခြားသူရဲ့ ဖဲကြိုးကို ဆွဲမထုတ်မိစေရဘူးလို့ သူပဲပြောခဲ့တာလေ။ သူက ကတိလည်း မတည်ဘူး... အံဩစရာမရှိတော့ပါဘူး... လုံပေါ်က သူ့ကို လူသစ်ငတုံးကောင်လို့ ခေါ်တာ အံ့ဩစရာ မရှိတော့ဘူး...တော်လိုက်တဲ့ လူသစ်ငတုံးကောင်!

သို့သော် သူ့ရဲ့စွပ်စွဲနေမှုတွေက ဂိမ်းရဲ့တိုးတက်မှုကို မတားဆီးနိုင်ခဲ့ပေ။ မိုရိချန်က သူ့ရဲ့အမူအရာကို ထိန်းသိမ်းရန်အတွက် ဂိမ်းထဲမှ မထွက်ဘဲ ဘာတွေဖြစ်နေလဲလို့ စောင့်ကြည့်နေခဲ့သည်။

မကြာခင်မှာပဲ ပထမအတွဲနှစ်တွဲက လက်ကို ကိုင်ပြီး ပါးပြင်ကို တစ်ယောက်ကိုတစ်ယောက် ညင်သာစွာ နမ်းလိုက်ခြင်းဖြင့် စိန်ခေါ်မှုကို ပြီးဆုံးသွားခဲ့သည်။ တစ်တွဲကတော့ အဆုံးအထိ သူတို့ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့ကြသည်။ အချစ်က ဒီလိုပေါ့ပါးတဲ့ အနမ်းကနေလည်း ရောက်ရှိလာတတ်သလိုပင်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now