အခန်း ၁၆

5.9K 1.1K 22
                                    

Raising You This Small Stuff

Unicode

အခန်း ၁၆: ဒူဒူ့ရဲ့မျက်နှာကို ညှစ်ခွင့်မပြုရဘူး

ဖုန်းကိုတောင် မကိုင်နိုင်လောက်အောင် လန့်သွားပြီး မိုရိချန်က လက်ကို ခါလိုက်သည်။

ယွမ်းစွော်က အဲ့လောက်မအံ့သြပေ။ သူက ပန်းစည်းကိုငုံ့ကောက်လိုက်ပြီး နမ်းလိုက်ကာ

 "အရမ်းမွှေးတာပဲ။ ဒါက ကျွန်တော့်အတွက်လား"

မိုရိချန်က အသိစိတ်ပြန်ဝင်ကာ "ဟုတ်တယ်...အဲ့ဒါ မင်းအတွက်ပဲ"

ယွမ်းစွော်က ပန်းစည်းကိုပျော်ရွှင်စွာဖက်လိုက်ပြီး 

"ဒါက ဘယ်လိုပန်းမျိုးလဲ။ ကျွန်တော် အရင်က မမြင်ဖူးဘူး"

မိုရိချန်က အရင်က သေချာမကြည့်မိတာကြောင့် ကြည့်လိုက်ပြီး ဖြေလိုက်သည်။ 

"ရှန်ပိန်နှင်းဆီတွေပဲ"

"ရှန်ပိန်နှင်းဆီလား" 

ယွမ်းစွော်က အဲ့ဒါတွေကို သဘောကျသည်။ မိုရိချန်က သူ့ကို လက်ဆောင်အဖြစ် ပေးထားတာဖြစ်ပြီး သူကလည်း တစ်ခုခုပြန်ပေးချင်ပေမယ့် ဘေးပတ်လည်ကို ကြည့်လိုက်တော့ တစ်အိမ်လုံးမှာ သူကလွဲပြီး ကျန်တာအကုန် မိုရိချန်ဝယ်ပေးထားတာတွေ ဖြစ်နေတာကို တွေ့လိုက်ရသည်။ စဥ်းစားပြီးနောက် ပန်းစည်းကို ကော်ဖီစားပွဲပေါ်တွင်ချကာ အိပ်ခန်းထဲပြေးသွားပြီး စားပွဲခုံအောက်ခြေက အံဆွဲလေးကို ဖွင့်ကာ စာရွက်နှစ်ရွက်ကို ထုတ်လိုက် ခဏလောက်စဥ်းစားပြီး ပြန်သွင်းလိုက်လုပ်နေကာ အနည်းငယ်တုံ့ဆိုင်းနေရင်း ထုတ်ထားတဲ့ စာရွက်နှစ်ရွက်အပြင်စာရွက်အချို့ကို ထပ်ယူကာ လက်မောင်းထဲ ဖက်ထားရင်း ပြေးထွက်လာခဲ့သည်။

မိုရိချန်က သူ့ရဲ့ရှုပ်ယှက်ခတ်နေတဲ့အမူအရာကို မြင်တော့ သူဘာကို အလွန်တန်ဖိုးထားနေတာလဲ ဆိုတာကို နည်းနည်းခန့်မှန်းလိုက်မိသည်။

"ဒါက...မိုရိချန်အတွက်ပါ"

ယွမ်းစွော်က စနစ်ရဲ့နံရံပေါ်က ပို့ဆောင်ရေးဘားတန်းပေါ်တွင် စာရွက်တွေကို အဆင်မပြေစွာ ချလိုက်ပြီး လက်ကို လွှတ်လိုက်တော့ စာရွက်တွေက လေထဲပျံနေကာ တစ်ချိန်တည်းမှာပဲ ပို့ပေးပါ သို့မဟုတ် ပြန်ယူပါ ဆိုတဲ့ရွေးစရာခလုတ်နှစ်ခု ပေါ်လာခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now