Chapter 5 - Unicode

Start from the beginning
                                    

"ငါတို့ကပျော်ရအောင် အဲဒါငါတို့ကြိုက်နေတာမှမဟုတ်တာ"

ရာဇာလင်းပြောတော့လည်း ဟုတ်သည်ဟုတွေးမိပြီး ခေါင်းတညိတ်ညိတ်။ သို့သော် သူငယ်ချင်းဖြစ်သူ ရင်ကွဲနာကျခြင်းအဖြစ်မှ လွတ်မြောက်သွားသည်ကို နည်းနည်းတော့ ၀မ်းသာဟန်ပြသင့်သည်မဟုတ်ပါလား။

"မနက်ဖြန် ဟန်နီ့ကို ကာကွယ်ဆေးသွားထိုးပေးရဦးမယ်"

"ဟုတ်သား ငါလည်း အိမ်ကကောင်ကို ဆေးပြပေးရဦးမယ် ဘယ်ကပြုတ်ကျလာသလဲမသိဘူး ထော့နဲ့ ထော့နဲ့နဲ့"

"ဇိုကီလား"

"အင်း"

ရာဇာလင်းကလည်း ခွေးပုမျိုးလေးတစ်ကောင်မွေးထားသေးတာမို့ မနက်ဖြန် သူ့ဦးလေးကြီးရှိသည့် ဆေးခန်းသို့သွားကာ ကာကွယ်ဆေးထိုးပေးဖို့ တွေးလိုက်သည်။

"နေဦး မနက်ဖြန်ဆိုတော့ကျ ဦးလေးကြီးတို့ဆေးခန်းကဖွင့်ပါ့မလား"

"အေး ဟုတ်သား မနက်ဖြန် လပြည့်နေ့ဆိုတော့"

"မဖွင့်တော့ အခြားဆီသွားရုံပေါ့"

ရာဇာလင်းစကားကြောင့် သျှင်မင်းသန့်မျက်နှာမဲမှောင်သွားပြီး ခေါင်းရမ်းသည်။

"မင်းဟာမင်းသွား၊ ငါကတော့ ဦးလေးကြီးဆီပဲသွားမှာ"

_________________________________

ညကိုးနာရီလောက်ထိ သျှင်မင်းသန့် အလုပ်တော်တော်ရှုပ်နေသည်။ အဲယားကွန်းထဲတွင် ချွေးတွေပင် ထွက်လာသလိုခံစားရ၏။ ဂဏန်းတွေကို ရွတ်လိုက်၊ အလွတ်မှတ်လိုက်၊ ရိုက်ထည့်လိုက်နှင့် မျက်နှာကလည်း  ပျော်သွားလိုက်၊ စိတ်ပျက်သွားလိုက်နှင့် အမူအယာအမျိုးမျိုးပင်။

"ခက်လိုက်တာကွာ"

ဒီကြားထဲ ဦးနှောက်ကစားရသေးသည်။ ပိုက်ဆံရှာရတာ မလွယ်ပါလားဟု တွေးမိလာရ၏။

"ကံအကောင်းဆုံးလူကို ရှာပြီး ငါက လုပ်သတ်ရမှာလား"

ထိုသို့ကျိန်ဆဲသံကလည်း တိုးတိုးတိုးတိုးထွက်လာသေး၏။ အမှန်ပင်၊ သျှင်မင်းသန့်သည် သီတင်းကျွတ်မုန့်ဖိုး လိုက်လုနေတာဖြစ်သည်။ Password မှတ်လိုက်၊ link ထဲ၀င်လိုက် မေ့သွားလို့ပြန်သွားကြည့်လိုက်၊ ရိုက်ထည့်လိုက်နှင့် အလုပ်ရှုပ်နေသည်။

HONEYWhere stories live. Discover now