ထိုစကားကိုကြားသောအခါ ရှီယွင်နန်မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားတော့သည်။

သူအသံလာရာလှမ်းကြည့်လိုက်တော့ မရင်းနှီးတဲ့ လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။

ဝမိရိပေလည်း တစ်ခုခုမှားနေကြောင်း  သတိထားမိသွားကာ သူ့ညီလေးအစား ယဉ်ယဉ်ကျေးကျေး ပြန်ငြင်းတော့မည့်အချိန် လူအုပ်ထဲမှ အသံထပ်ထွက်လာသည်။ "ဒါဖြစ်သင့်တယ်။"

"ကျွန်တော့်ဝမ်းကွဲတွေက ငယ်ငယ်လေးကတည်းက တစ်ယောက်က cello တီးတယ်၊ နောက်တစ်ယောက်က တယောတီးတယ်။ အဲ့တုန်းကဆို သူတို့ကအရမ်း နာမည်ကြီးတာ။"ဝမ်ချန်းလန်က ချောင်တစ်နေရာမှ ရုတ်တရက်ပေါ်လာကာ ရှီယွင်နန် အစားဖြေပေးလာသည်။

ညီအကိုနှစ်ယောက်သည် အသက် ခုနစ်နှစ်အရွယ်မှာတင် နာမည်အကြီးဆုံး "တရုတ်ဂီတူရိယာပြိုင်ပွဲ" တွင် ပါဝင်ခဲ့ကြသည်။ တစ်ယောက်မှာ  cello အထူးချန်ပီယံဆုရခဲ့ပြီး  ကျန်တစ်ဦးမှာ တယော အထူးချန်ပီယံဆု ရရှိခဲ့လေသည်။

ဂျူနီယာကစားသမားများပါသည့် အုပ်စုတွင် သူတို့နှစ်ဦးရဲ့ အဖွဲ့လိုက်ပရောဂျက်သည်ပင် ချန်ပီယံဆု ရရှိခဲ့သည်။

ဒီသတင်းပြန့်သွားသည်နှင့် လူအိုကြီး ဝမ်ရဲ့ မြေးတွေဖြစ်ကြောင်း လူတိုင်းသိရှိသွားကြကာ၊ သူတို့အား ကောင်းပေါ်ထိမြှောက်တက်အောင် ချီးကျူးခဲ့ကြသည်။

သို့သော် ထိုအချိန်ကောင်းလေးဟာ  ကြာကြာမခံခဲ့။ ပြိုင်ပွဲပြီးတာ နှစ်လမပြည့်ခင်မှာပဲ သူတို့အမေ ဝမ်မင် မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့သည်။ ဝမ် နှင့် ရှီ မိသားစုများ အကြီးအကျယ် ကတောက်ကဆဖြစ်ခဲ့ကြပြီး သူတို့၏ ဆက်ဆံရေးလည်း လုံးဝပြိုကွဲသွားခဲ့သည်။ နောက်ဆုံးတော့ တစ်မိသားစုက
ကလေးတစ်ယောက်ဆီ  ပြန်ခေါ်သွားခဲ့ကြသည်။

ခန်းမထဲရှိ ဧည့်သည်အများစုသည် ဂီတအသိုင်းအဝိုင်းကသာဖြစ်ပြီး ချမ်းသာသည့်အသိုင်းအဝိုင်းမှ အတင်းအဖျင်းများကို သိပ်မသိကြပေ—

ဝမိရိပေသည် ဝမ်မိသားစုတွင်နေထိုင်ခဲ့ပြီး ကလေးဘဝကတည်းက ထူးချွန်အောင်မြင်မှုများရရှိခဲ့ကြောင်း  ကြားသိကြသော်လည်း ဒီနှစ်တွေတစ်လျှောက် ရှီယွင်နန် ရှီမိသားစုထံတွင် ဘယ်လိုနေထိုင်ခဲ့ရသည်ဆိုတာကိုတော့ မသိကြပေ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now