Chapter 3 - Zawgyi

Start from the beginning
                                    

"သျှင်မင်းသန့် နင်ရော ဘာစားချင်လဲ?"

"ဦးလေးကြီး"

"ဟင်"

ရုတ်တရတ်လွှတ်ကနဲ့ထွက်သွားသည့် သူ့စကားကြောင့် သူငယ်ချင်းနှစ်ယောက်မျက်လုံးပြူးသွားကြသည်။ ထို့နောက်မှ စိတ်ကုန်သည့်ပုံစံနှင့် မျက်ဖြူစိုက်ပြနေကြ၏။

"ဆောဒီး ဘာမေးလိုက်တာလဲ"

"ဘာစားချင်လဲမေးတာ မင်းကမင်းစားချင်တာတွေဖြေနေတာကြီး"

"ဟ မဟုတ်ဘူးဟ ဒီတိုင်းတွေးနေမိလို့"

"အပူတွေ အပူတွေ"

ဟေမာန်ဦးစကားကြောင့် သျှင်မင်းသန့် သက်ပြင်းချလိုက်မိသည်။ အခုတလော မြင့်မြတ်ပိုင်နောင် မနက်ခင်းပြေးသည့်အချိန်ကိုချိန်ပြီး သူပါ လမ်းပေါ် ယောင်ဝါးဝါးလုပ်နေမိသော်လည်း ထိပ်တိုက်တွေ့သည်က ရှားသည်။ တစ်ခါတလေ မျက်နှာချင်းဆိုင်တွေ့သော်လည်း ပြုံးပင်မပြဖြစ်ဘဲ ကျော်သွားမိ၏။ တကယ်တမ်း စကားပြောကြကြေးဆိုလျှင်လည်း သူ့တွင်ပြောစရာက ရှိမနေချေ။

"အာ တီချယ်"

ရာဇာလင်းအပြောကြောင့် သုံးယောက်လုံး ပြိုင်တူမော့ကြည့်လိုက်မိသည်။ မိုးမြတ်နောင်က လှလှပပ၀တ်ဆင်ထားပြီး သူတို့ရှေ့ကိုရောက်လာသည်။ ဆံပင်ပျော့ပျော့ကို မြောက်ထုံးထားတာကြောင့် ကျော့ရှင်းနေသည့် လည်တိုင်က ထင်းနေသည်။ 

ပြုံးပြတတ်သည့် နှုတ်ခမ်းတို့က ပန်းရောင် နှုတ်ခမ်းဆေးပါးပါးနှင့်အတော်ပင် ပနံသင့်နေပြီး ဂါဝန်လှလှလေးကို ၀တ်ထားတာမို့ မိုးမြတ်နောင်သည် အတော်ပင်လှသည့် အမျိုးသမီးပင်ဖြစ်သည်။

"ပန်းလာကြည့်တာ မိဘတွေသွားကန်တော့မလို့လေ"

"အာ ဟုတ် တီချယ် ဘာပန်းကြိုက်လဲ၊ သားလှလှလေးထုပ်ပေးမယ်"

သျှင်မင်းသန့်က ပြုံးရွှင်စွာပင် သူ့ဆရာမကို ပြောသည်။ သို့သော် ဆိုင်ထဲသို့နောက်ထပ်ဝင်လာသည့်လူကြောင့် သျှင်မင်းသန့်မှာ မပြုံးနိုင်တော့ပေ။ စတစ်ကော်လာအင်္ကျီနှင့် ပုဆိုးအထည်သန့်သန့်ကိုဝတ်ဆင်ထားသူသည် မြင့်မြတ်ပိုင်နောင်ပင်ဖြစ်သည်။

HONEYWhere stories live. Discover now