Vegas's Pov
Pete ထွက်သွားပြီးနောက် ငါ့အခန်းငယ်လေးက အထီးကျန်မှုတွေ စတင်လာတယ်။ အရင်လို ညဘက်ကြီး သူ့ရဲ့ဟိုဟာစားချင် ဒီဟာစားချင်တယ်ဆိုတဲ့ ချွဲတဲ့အသံလေးတွေ မကြားရတော့ဘူး ။ မနက်ဘက်ဆို ငါတို့ရဲ့ ဟိုရောက်ရောက် ဒီရောက်ရောက် စကားပြောခန်းလေးလည်းမရှိတော့ဘူး ။ သူထွက်သွားတာ တစ်ပတ်ရှိပြီ ။ ငါဒီအခန်းကျဥ်းလေးမှာပဲ နေခဲ့တယ်။ဒီတစ်ခါတော့ ငါ့ကိုယ်ငါထိန်းချုပ်နိုင်အောင်ကြိုးစားတယ်။ ပထမတစ်ခါလို ငါ့စိတ်ခံစားချက်ကိုဦးစားမပေးပဲ ငါအလုပ်ရှိရင် အလုပ်လုပ်တယ် ပြီးတာနဲ့ ငါနဲ့ Pete ရဲ့အခန်းငယ်လေးဆီ ပြန်လာပြီး ဒီနေရာမှာပဲ ပြန်နေတယ်။
ဒီလိုနဲ့ ကျော်ဖြတ်လာတာ ၁ပတ် တိတိရှိပြီ။ Pete က ငါ့ကို မက်ဆေ့ဂျ်လေးတစ်စောင်တောင်မပို့ဘူး။ ငါ့ဘက်ကပဲ ငါ့ရဲ့ ဖြစ်ပျက်သမျှ အကြောင်းအရာတွေကိုပေးပို့ခဲ့တာ။ ကို့်ယ်ကိုများ အရမ်းမုန်းသွားတာလား Pete ရယ်...။
"Khun Vegas ဗျ Khun Decha နဲ့ တွေ့ဖို့ရက်ကို ချိန်းထားပြီးပါပြီ"
"ကောင်းပြီ ထွက်သွားလို့ ရပြီး"
"ဟုတ်ကဲ့ပါ" Pete ထွက်သွားပြီးနောက်နေ့တစ်ရက်မှာ Decha ဆီက ဆက်သွယ်လာတယ်။ ငါနဲ့ တွေ့ချင်တယ်ဆိုပြီး ပြောလာတာမို့ တွေ့ဖို့ဖြစ်လာခဲ့တယ်။ ငါတိူ့နှစ်ယောက်ရဲ့ အဓိကပြသာနာ အကြောင်းရင်းခံက သူလားဆိုတာတော့ငါမသိဘူး။ ဒါပေမယ့် ငါသူ့ကို သေလောက်အောင်မုန်းပြီး ဓားနဲ့ အချက်ရေပေါင်းများစွာ ထိုးသတ်ချင်တာက တစ်ရက်မှမလျော့ဘူး။ ဒီလူနဲ့တွေ့ရမှာ စိတ်ပျက်လွန်းပေမဲ့ အရေးတကြီး တွေ့ဖို့ဆိုပြီး တိုက်တွန်းနေတာ မို့လို့ တွေ့ဖို့ အချိန်တစ်ရက်ပေးလိုက်တယ်။
အခန်းထဲကနေ ထွက်လာလိုက်ပြီး အပြင်က ငါ့ရုံးခန်းမှာဝင်ထိုင်ရင်း အဆုံးသတ်ရမဲ့ အလုပ်တွေကိုအဆုံးသတ်ဖို့ ပြင်ဆင်လိုက်တယ်။ ငါတော်ရုံတော့ အခန်းပြင်ကိုမထွက်ဘူး Pete ကိုလွမ်းလွန်းတာမို့ Pete ရဲ့ အငွေ့အသက်တွေရှိတဲ့အခန်းထဲမှာပဲနေတယ်။ သူ့ရဲ့ ကိုယ်သင်းနံ့လေး မပျောက်ပျက်သွားခင် အမြန်ပြန်လာမှရမယ် မဟုတ်ရင် ငါသေသွားလိမ့်မယ်။ သူမရှိရင် ငါတကယ်မနေနိုင်ဘူး။