1 (Unicode)

1.4K 46 2
                                    

25.4.1995

အချိန်မှာ နံနက် (၄)နာရီ။

ဝက်ကြီးအင်း၏ ရွာဦးကျောင်းမှ တုံး‌မောင်းခေါက်သံကို စတင်ကြားရလေပြီ။

တုံးမောင်းသံကြားရသည်နှင့် မျက်စိအကျင့်ဖြစ်နေသည့် ကိုကိုမောင်တစ်ယောက် နံနက် (၄) နာရီတွင် နိုးထလာခဲ့လေသည်။

ထို့နောက် မျက်နှာသစ်၊သွားတိုက် စသည့် သာမညအလုပ်လေးများအားလုပ်ပြီးချိန်တွင်
ထမင်းချက်ရန်အတွက် ပြင်ဆင်လေတော့သည်။

ထမင်းချက်ရန်အတွက် စဉ့်အိုးအားဖွင့်လိုက်ချိန်တွင်

"အင်း...ဒီနေ့တစ်ရက်စာတော့ရှိသေးတယ်
ငါလည်းသိပ်မှမစားဖြစ်တာ
အမေ့ဖို့ပဲ အဓိက ထားချက်ရမှာဆိုတော့ ညအထိလောက်နိုင်ကောင်းပါရဲ့"

စဉ့်အိုးထဲမှ ဆန်တစ်လုံးခွဲခန့်အားနို့ဆီဗူးဖြင့် ချိန်ထည့်ကာ
ထမင်းချက်သည့်လုပ်ရိုးထုံးစံအတိုင်း ဆန်ကိုစင်‌အောင်‌ဆေးကာ
ရေထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်တော့သည်။

ဟင်းကိုတော့ ထွေထွေထူးထူးမချက်။
ခဏနေဆိုလျှင် ပဲပြုတ်သည်ဒေါ်စိုးကြီးလာမည်ဖြစ်သည်။
ဒေါ်စိုးကြီးအလာကိုစောင့်၍သာ ပဲပြုတ်ဝယ်ထားပြီး
အမေနိုးလာလျှင် ပဲပြုတ်ဆီဆမ်းနှင့် ထမင်းကိုနယ်ကာ
ကျွေးတော့မည်။

"ပဲပြုတ်......... ပဲပြုတ်......."

ထိုသို့တွေးနေစဉ်မှာပင် ဒေါ်စိုးကြီးရောက်လာပေပြီ။

"ဒေါ်စိုးကြီး လာပါဦးဗျ"

ဒေါ်စိုးကြီးအနားရောက်လာသောအခါ ပဲပြုတ်တောင်းကို ချပေးပြီး

"ပဲပြုတ် တစ်ဆယ်သားလောက်ဗျ
ပိုလည်းထည့်ပေးပါဦး ဟဲဟဲ"

"အမလေး ဟောဒီက ငါ့သားလေးကို
ပိုထည့်ပေးမှာပါတော် မတောင်းလည်းထည့်ပေးနေတာပဲကိုကွယ်
ငါ့သားလိမ္မာလို့ကို ဒေါ်စိုးကြီးက ချစ်နေရတာ
ငါ့သားအကြောင်းများ ဟိုးဘက်ရွာအထိတောင် သတင်းမွှေးလို့
မအေအိုကြီးကို လုပ်ကျွေးနေတဲ့သားလေး ကျန်းမာပါစေ၊ ချမ်းသာပါစေတော်

ငါ့အိမ်ကသားကတော့ ဘာမှသုံးစားမရဘူး"

ဒေါ်စိုးကြီးမှာ သွေးသားမတော်စပ်သော ကိုကိုမောင့်အား
ချီးကျူးစကားပြောပြီးမှ

အိုဘယ့်...ရွှေညာမြေ (Ongoing)Unde poveștirile trăiesc. Descoperă acum