"ကိုကို"

သူခါးထဲကို တိုးဝှေ့လာတဲ့ Jungkookရဲ့ လက်တစ်စုံ ပခုံပေါ်မှာတင်လိုက်တဲ့ သူရဲ့မေးစိဖျားလေး နှားခေါင်းထဲကို တိုးဝှေ့ပြီး
သင်းပျံ့လာတဲ့ ကိုယ်သင်းနံ့လေး Jungkookရယ် မင်းစိတ်နဲ့ငါရူးရချည်ရဲ့ကွာ

"အအေးကုန်သွားပြီးလေ မဝသေးရင် ကျတော်ဟာသောက်လေ"

ထယ်ယောင်းအဲ့ကျမှ သေချာကြည့်ဖြစ်တာ
သူလက်ထဲကအအေးဗူးကို အဲ့ကျမှ ရှက်ကိုး
ရှက်ကန်းနဲ့ အမိုက်ပုံထဲ သွားပစ်မယ်ဆိုပြီး
လှည့်လိုက်တာ Jungkookမျက်နှာနဲ့ တည့်တည့်ပဲ

တစ်ယောက်မျက်လုံး တစ်ယောက်စိုက်ကြည့်နေမိတာ အချိန်တစ်ခုကြာတယ် Jungkookလဲ
သူကိုကို့ကို သူရင်ခွင်ထဲမှာတင်းနေအောင်
ထည့်ထားပြီး

"ကိုကို ကျတော်ကိုရှောင်နေတယ်ဆိုတာ သိတယ်
ဘာတွက်ရှောင်တာလဲဆိုတာသိတယ် မရှောင်ပါနဲ့
ကျတော်မနေတတ်ဘူး အခုလိုအေးဆေး ပြောနေတုန်း ကျတော်စကားကို အလေးနက်
ထားလိုက်ပါ မဟုတ်ရင်ကျတော် ဟိုနေ့ကထပ်
ဆိုးရလိမ့်မယ် ကိုကို"

"Jungkookမင်းအသက် မငယ်တော့ဘူး
ငါ့ကိုလိုက်ပြီးချုပ်ခြယ်နေမဲ့အစား မင်းရှေ့ရေးတွက်ပဲ စဉ်းစားနေစမ်းပါ"

"ခက်တာပဲ ကျတော်ရဲ့ရှေ့ရေးတိုင်းမှာ ကိုကိုပါတယ် ချုပ်ခြယ်တယ်ဟုတ်လား ဒါဆိုလဲ
ချုပ်ခြယ်တယ်ပဲတွေးပြီး ကျတော်Jungkook
ပြောသမျှပဲ နားထောင်နေလိုက် ကိုကိုသိပါတယ်
ကျတော်အရွယ်ရောက်ထဲက ကျတော်စိတ်ကြိုက်
ကိုကို့ကို နေခိုင်းခဲ့တာ အခုလဲအဲ့တိုင်းပဲဆက်နေ"

"မတူဘူးကွ အဲ့တာက ကလေး ငါနားလည်ပေးလို့ရတယ် အခုက မင်းလဲ မင်းရဲ့အရွယ်တစ်ခုပိုင်းခြားရောက်လာပြီး
ငါလဲငါအသက်ရဲ့ တစ်စိတ်တစ်ဒေသကို ရောက်လာပြီ မင်းအခုလို ကလေးအလုပ်တွေ
အမြဲလုပ်မနေနဲ့"

"လုပ်ကိုလုပ်ရမယ် ကျတော်ပြောတဲ့တိုင်း နေကိုနေရမယ် ကျတော်ကိုထပ်ရှောင်မယ်ဆိုတဲ့
အတွေးရှိရင် ကိုကို့ကို ဒီကလူတွေနဲ့ ဝေးအောင်
ကျတော်ခေါ်ထုတ်သွားမှာ သတ္တိရှိရင် ကျတော်ကို
ကန့်လန့်တိုက်ကြည့်လိုက်လေ ကိုကို"

Step-Brother⚠️ [Completed]Where stories live. Discover now