"အင်းအင်းအမ မပြောဘူးစိတ်ချ"

Jungkookလဲ သူစကားပြောပြီးတာနဲ့ ရုံးခန်းထဲ
ဝင်သွားပြီး ရုံးခန်းထဲ တပတ်ပတ်ကြည့်နေလိုက်တယ် သူညောင်းလာမှ
သူ့ကိုကိုရဲ့စုံလည်ခုံမှာ ထိုင်ပြီး ပြတင်းပေါက်ဘက် လှည့်ကာ ဂိမ်းထိုင်စော့နေလိုက်တယ် ခုနနေတော့
တံခါးဖွင့်သံကြားလိုက်ရတယ် သူကိုကိုဝင်လာပြီး
ဆိုတာ သူသိလိုက်ပြီး မသိချင်ယောင်ဆောင်ပြီး
ကျောပေးထိုင်နေလိုက်တယ်

"ဘယ်သူကြီးလဲ ဧည့်သည်ရောက်နေတာလား
အရှေ့ကလူတွေလဲ ငါ့ကိုတစ်ယောက်မှ ဘာမှလဲမပြောဘူး"

ထယ်ယောင်းလဲ စကားတပြောပြောနဲ့ သူကို
ကျောပေထိုင်နေတဲ့လူနားကို သွားလိုက်တော့
သူလက်ဆွဲပြီး သူပေါင်ပေါ်ဆွဲပြီးထိုင်ချ
ခိုင်းလိုက်လို့ အလန့်တကြား နောက်လှည့်
ကြည့်လိုက်တော့

"Jungkook...!"

"ကျတော်ကိုမြင်ရတာ အဲ့လောက်လန့်သွားတာလား ဟုတ်လား"

"မလန့်ပဲနေမလား မင်းကလက်ကနေ ဆွဲချတာကို"

"နေပါအုန်း ကျတော်ပဲကိုကိုပေါ် လက်ရဲဇက်ရဲ
လုပ်တာပါ ဘာလဲကျတော်အပြင် ရှိသေးတာလား"

"မရှိပါဘူး ရုတ်တရက်ဆိုတော့ လန့်သွားရုံပါ"

"သြော်...အဲ့လိုလား"

သူခါးကို တင်းနေအောင်တောင် ဖက်ထားလိုက်သေး Jungkookက သူကို ဘာဖြစ်စေချင်တာလဲ သူကိုရှောင်နေပါတယ်ဆို
အလုပ်ထိလာပြီ လူကို ဆွဲလားဖက်လားနဲ့

"ဖယ်တော့လေ Jungkookလွှတ်လို့ဆိုကွာ"

"ကိုကိုကျတော်ကို ဘာလို့ရှောင်နေတာလဲ"

"ဟမ်...မ~မရှောင်"

သူစကားပြောနေတုန်း တံခါးခေါက်သံကြားလို့
သူခါးကိုဖက်ထားတာ လွှတ်ပေးလိုက်တဲ့ Jungkook သူလဲတံခါးဖွင့်ပေးလိုက်တော့
အအေးနှစ်ခွက်ပေးပြီး ပြန်ထွက်သွားတယ်

ထယ်ယောင်း အအေးတစ်ဗူးကို ပြတင်းပေါက်ကနေ လမ်းကသွားနေတဲ့ ကားတွေကိုကြည့်ရင် သောက်နေလိုက်တယ်
သူရင်ခုန်နေတာ Jungkookနဲ့သူ နှစ်ယောက်ထဲ
ရှိရင် သူရင်ခုန်သံတွေကို ထိန်းချုပ်မရဘူး ဖြစ်နေတာ

Step-Brother⚠️ [Completed]Where stories live. Discover now