ခွန်တို့နှစ်ယောက်ဦးကြီးနဲ့စကားပြောပြီး မ ရဲ့မိဘအိမ်ကိုထွက်လာတော့..အချိန်က 5နာရီထိုးနေပြီ
မ ရဲ့မိဘအိမ်ကိုရောက်တော့..
"ခွန်လေးနဲ့သမီးငယ် လာတယ်ဟေ့" လို့ မ မေမေကပြောလိုက်တော့..မ ရဲ့ မိသားစုဝင်တွေရောက်လာပြီး..ဧည့်ခန်းထဲမှာစကားပြောကြရင်းနဲ့
"ကဲ..ဒီနေ့တော့..မိသားစုစုံတုန်းလေး..ထမင်းလက်စုံစားကြတာပေါ့"လို့ မ ဖေဖေကပြောလိုက်တော့
"ခွန်လေးနဲ့သမီးငယ်..ဒီနေ့ဒီမှာ..အိပ်မှာမဟုတ်လား"
"ဟုတ်ကဲ့မေမေ...ခွန်နဲ့ မ ဒီည.ဒီမှာအိပ်မှာပါဗျ"
"ကဲ..အဲဒါဆိုထမင်းသွားစားကြတာပေါ့"
ထမင်းစားနေရင်း ခွန့်ထမင်းပန်ကန်ထဲ မ က ဟင်းတွေအများကြီးထည့်ပေးတော့"အငယ်မရေ..တော်ရုံတန်ရုံပဲကောင်းတယ်..ဒီမှာမေမေနဲ့ဖေဖေရှိသေးတယ်လေ..နှစ်ယောက်တစ်ကမ္ဘာထင်မနေကြနဲ့" လို့ မ ရဲ့အစ်မကပြောလိုက်တော့..မ ရဲ့မျက်နှာစူပုပ်သွားပြီး..အားလုံးက..သူ့ကိုပြုံးစိစိနဲ့ကြည့်နေကြတယ်
ထမင်းစားပြီးဧည့်ခန်းထဲမှာ..TVကြည့်နေတော့ မ က သူ့ဖေဖေနဲ့မေမေကို ကပ်ချွဲပြီးတော့..
"မောင်..ဒီနေ့မရဲ့အခန်းထဲမှာ.တစ်ယောက်တည်းအိပ်လိုက်နော်..မ မေမေတို့နဲ့အတူတူအိပ်မလို့"
"ရပါတယ်..အိပ်လိုက်မယ်..အိမ်ပြန်ရောက်တုန်းမေမေတို့နားမှာနေလိုက်"
"ကောင်းပါပြီ...မောင်အိပ်တော့မလား..မ အိပ်ယာခင်းပေးမယ်"
"အိပ်တော့မယ်လေ...ဖေဖေနဲ့မေမေ..ခွန်သွားတက်အိပ်တော့မယ်ဗျ..ဖေဖေတို့သမီးအချွဲလေးကို..ဒီညဖေဖေမေမေတို့နဲ့အတူတူအိပ်ခိုင်းလိုက်ပါ"
"သွားအိပ်တော့..ခွန်လေး..မနက်ကျအိမ်ပြန်ပြီး..ကုမ္ပဏီသွားဖို့အတွက်ပြင်ဆင်ရအုံးမှာ..သွားအိပ်လိုက်"
"ဟုတ်..ဖေဖေမေမေ..မကြီးနဲ့ယောက်ဖ..ကောင်းသောညလေးဖြစ်ပါစေဗျ..ခွန့်ကို..သွားခွင့်ပြုပါအုံး" မ လက်ဆွဲခေါ်လာတဲ့နောက်လိုက်လာခဲ့တယ်
"လာပါအုံ..မောင်..မောင့်ရင်ခွင်ထဲ..မ ခဏနေချင်လို့" လို့ပြောတော့ ခွန်လည်း မ ကို ရင်ခွင်ထဲထည့်ထားပြီးနေလိုက်တယ်...
YOU ARE READING
မောင့်ရဲ့မဟေသီ
Romanceကျွန်တော့်အချစ်တွေအကုန် 'မ' တစ်ယောက်တည်းကိုပဲပေးချင်မိတယ် ခွန်နန္ဒမောင်(Transman) မောင်က မရဲ့အရာရာပါ ဒေါက်တာ စုလဲ့နှင်း