" ဒါဆိုသွေးတွေက သုဘရာဇာကို
ရိုက်ခဲ့တာကြောင့်ပေတာပေါ့''

" အင်..သူကဖမ်းထားဒါကို
ထွက်ပြေးလို့မျက်ခွက်ကို
အောင်မိုင်ဖြတ်ရိုက်လိုက်တာ
မောင့်လက်မောင်းကိုသွေးစွန်း
လာတာဘဲ''

" မောင် ကိုယ်တိုင်များရိုက်တာလားလို့''

" ရိုက်သင့်ရင်တော့ရိုက်ရမှာပေါ့''

လက်ရာ မောင့်ကိုဘားမှ
မပြောတော့ဘဲ စိတ်ဆိုးပြေ
လိုက်တော့သည်။မှန်တာလုပ်တဲ့
လူကိုစိတ်ဆိုးနေစရာမှမလိုတာ။

" ဗိုက်ဆာပြီ ထမင်းစားစို့ ''

အပြုံးတွေနဲ့​ပြောလာသူကြောင့်
ကလေးငယ်စိတ်ဆိုးပြေသွားမှန်း
သိလိုက်ကာခေါင်းငြိမ့်လိုက်လေသည်။
.
.
.
. လင်းကြက်သွန်သံနဲ့
အလုပ်လုပ်နေသူတောင်သူလယ်သမား
တွေအိပ်ယာထကာယာထဲသို့လှည်း
ကိုယ်စီမောင်းပြီးဆင်းကြ
ကုန်ပြီ။

" မောင်..ရေနွေးရပြီလား''?

" အင်ရပြီ ခဏစောင့်
မောင်အဖန်ခြောက်ကျိုနေလို့''

" အင်..ဒါနဲ့ ဧည့်သည်တွေများတော့
စားဖို့စောက်ဖို့စျေးသွားရအောင်
မောင်''

" ထွေးနုနဲ့မြဝင်းဝယ်ပြီး
လာလိမ့်မယ်ကလေး..မောင်
မြဝင်းကိုမနေ့ညနေကပြောထားတယ်
ထွေးနု့ကကလေးနဲ့အိမ်မှာဆိုလို့ မြဝင်း
တစ်ယောက်ထဲပြောလိုက်ရတာ''

" မောင်..သေခြာလား..
မျိုးမင်းတို့လူတစ်စုကိုဒီအိမ်မှာ
ခေါ်ထားမှာ''

" အင်.. မောင့်လူတွေရဲ့စောင့်ရှောက်မူ့
အောက်မှာဘဲထားခြင်တယ်.
ဦးထွန်းသောက်ကဘယ်လိုပုံစံနဲ့
ပြန်လာပြီးဒုက္ခပေးမလည်းမသိသေးဘူး
ပြည်နယ်အရာရှိအိမ်မှာထားထားရတာ
ပြည်နယ်အရာရှိကြီးမှာအန္တရာယ်ကြီးကြီး
မားမားကျရောက်မှာမောင်စိတ်ပူတယ်''

" ေမာင်လုပ်တာမှန်ပါတယ်..
ကျုပ်သူငယ်ချင်းတွေလည်း
ဒီနေ့အိမ်လာမှာနော်မောင် ''

" မျိုးမင်းနဲ့အဌေး လာမှာမောင်သိတယ်လေ'

" ဟီး..မဟုတ်ဘူး ခရေတန်းရွာက
သူကြီးသားထင်အောင်နဲ့
သူ့သူငယ်ချင်းစိန်ကြီးနောက်ပြီး
ကျုပ်ရန်သူတော်သန်းထိုက်အောင်
သူတို့သုံးယောက်''

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now