"ဟုတ်..ပေးခဲ့ပါ"
မောင် ပို့လိုက်တဲ့ပန်းစည်းကိုယူပြီး အခန်းထဲရောက်လို့ကြည့်လိုက်တော့ Postcardလေးတစ်ခု..အထဲက စာကိုဖတ်လိုက်တော့

"မောင့်ရဲ့မဟေသီလေးရေ...မောင့်ဘက်က ပစ်ထားသလိုဖြစ်နေလို့ တောင်းပန်ပါတယ် နောက်တစ်ခါပစ်မထားတော့ပါဘူး...ချစ်တယ်...Mwah💋💋"

Postcardလေးကိုပြန်ခေါက်လိုက်ပြီး..မောင့်ဆီဖုန်းခေါ်လိုက်တယ်

"Hello မ"

"လူကိုပစ်ထားတုန်းက ပစ်ထားပြီး..အခုကျမှ ပန်းစည်းတစ်စည်းနဲ့လာချော့တယ် ပန်းစည်းတစ်စည်းနဲ့မကျေနပ်နိုင်ဘူး ဟွန့်"

"ပန်းစည်းလေးနဲ့ပဲကျေနပ်လိုက်ပါ...မ အတွက် မောင် အထူးလက်ဆောင်ပြင်ဆင်ထားတယ် အဲဒါကြောင့်..အခုအလုပ်တွေကြိုးစားနေရတာပါ"

"ဟွန့်နော်...အထူးလက်ဆောင်မဟုတ်လို့ကတော့..ရှင့်ဗိုက်ခေါက်ကိုလိမ်ဆွဲပြမယ်"

"အထူးလက်ဆောင်ပါဗျ..အခုတော့..ဒါပဲနော်..မောင်..သန်လျင်ဘက်ကဆောက်လုပ်ရေးဆိုဒ်ထဲသွားနေလို့..ကားမောင်းနေတာ"

"အင်းပါ..ကားကိုဂရုစိုက်မောင်းအုံး..ချစ်တယ်..မောင်"

"မောင်ကလည်း..မောင့်မဟေသီလေးကိုချစ်ပါတယ်ဗျ"
မောင်နဲ့ဖုန်းပြောပြီးအပြင်ပြန်ထွက်လာတော့..Wardထဲက ဝန်ထမ်းတွေက

"ငါတို့အစ်မများနော်...ပန်းစည်းပို့ခိုင်းတဲ့လူတွေ..ဘာတွေနဲ့..အားကျလိုက်တာ"ဆိုပြီး.နောက်နေကြတယ်

"အားကျရင်လည်း..အားသွင်းလိုက်ကျပေါ့"

လက်ထောက်ဆရာဝန်လေးတစ်ယောက်က "ငယ်က အချစ်နှစ်တစ်ရာတဲ့..အစ်မတို့က ငယ်ကအချစ်ဆို"

"အင်း..ငယ်ငယ်ကတည်းကချစ်ခဲ့တာဆိုပါတော့... ၂၀ရက်နေ့ကျရင် အစ်မရဲ့မင်္ဂလာဆွမ်းကျွေး..လာခဲ့ကြနော်..နောက်နေ့မှဖိတ်စာယူလာဖိတ်မယ် လက်ဖွဲ့လက်မခံဘူးနော် မင်္ဂလာဦးအလှူလုပ်တာ"

"ဟုတ်ကဲ့..လာခဲ့မယ်အစ်မ"

"အဲ့နေ့ကျ Wardထဲမှာ dutyရှိတဲ့သူတွေကိုလည်း..deliveryနဲ့စားစရာလာပို့ခိုင်းလိုက်မယ်"

"ဟေး..ငါတို့အစ်မ ချစ်တဲ့သူနဲ့တစ်သက်လုံးပျော်ရွှင်စွာလက်တွဲနိုင်ပါစေ"

မောင့်ရဲ့မဟေသီWhere stories live. Discover now