"သားဆိုင်ကောင်းကောင်းတစ်ဆိုင်သိထားတယ် ဖွင့်သေးရဲ့လားတော့မသိဘူး သွားကြည့်ကြတာပေါ့"

ကျွီးးးးး...

အရှေ့တွင်ဆိုင်ကယ်တစ်စီးရုတ်တရက်လာထိုးရပ်သွားတာကြောင့် မတိုက်မိအောင် ဘိုဂန်ကားကိုဘရိတ်စောင့်အုပ်လိုက်မိသည်။

ဆိုင်ကယ်အနက်ရောင်ပေါ်မှာလူက ဟူဒီအနက်ရောင်ပွပွတစ်ထည်နှင့် အနက်ရောင်ဘောင်းဘီကိုဝတ်ကာ ဆိုင်ကယ်ပေါ်မှဆင်းပြီး ကားနားသို့လျှောက်လာသည်။

ကိုကိုကာ ကားလော့ကိုချမထားတာကြောင့် ထိုလူက ကားတံခါးကိုဆွဲဖွင့်လိုက်သည်။

"မင်းဆင်းလာစမ်းHoney!"

လက်ကောက်ဝတ်ကိုအတင်းဆွဲပြီး ကားပေါ်မှဆွဲချတာကြောင့် ထယ်ယောင်းလည်းလန့်ဖျန့်သွားတာအမှန်ပဲ ဟူဒီဦးထုပ်နဲ့ mask အမဲကိုချွတ်လိုက်မှ ဂျွန်ဂျောင်ကု!။

"ဟျောင့်! မင်းငါ့ညီကိုဆွဲလားရမ်းလားမလုပ်နဲ့!"

ဘိုဂန်ကားပေါ်မှဆင်းမည်လုပ်တော့ ဂျောင်ကုက နှုတ်ခမ်းပေါ် လက်ညိုးအားကန့်လန့်ဖြတ်တင်ပြီးတိုးတိုးနေရန်ပုံစံဖြင့်ပြောပြီး ဘိုဂန်တို့ကားနောက်ခမ်းလှမ်းလှမ်းလောက်တွင်ရပ်ထားသောဆယ်ဘီးကားကို လက်ညိုးထိုးပြလိုက်သည်။

"မင်းမြင်လာ..
အဲ့ကားကိုငါအချက်ပေးလိုက်တာနဲ့ မင်းတို့ကားကို ကြေအောင်တိုက်လိမ့်မယ် မင်းအမေရဲ့အသက်ကိုနှမျောရင် ငြိမ်ငြိမ်နေ.."

ဂျောင်ကုက သွေးအေးအေးဖြင့်ပြောတော့
ဘိုဂန်မေမေ့ကိုတစ်ချက်လှည့်ကြည့်လိုက်မိသည်။
မေမေက မိန်းမသားဖြစ်တာကြောင့်အကြောက်လွန်ပြီး မျက်ရည်များပင်ဝဲနေသည်။

အန်တီမေချယ်တို့ အက်စစ်ဒန့်ဖြစ်ပြီးကတည်းကမေမေက ယာဥ်များကို တတ်နိုင်သလောက်မစီးဖြစ်အောင်ရှောင်လာသည်။ တကယ့်ကို လန့်သွားသည့်အနေအထားမျိုး။

Honey၏အကိုကို မဲ့ပြုံးပြုံးပြလိုက်ပြီး ထိုထွက်ပြေးသန်သည့် ဝက်ဝံလေးကို ဆိုင်ကယ်နားထိဆွဲခေါ်သွားတော့ အသေးလေးက မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာတယ်။

Loading..Where stories live. Discover now