အပိုင်း(40)Un Zaw

Start from the beginning
                                    

"မောင်လေး

သူပြောချင်ရာအော်ချင်ရာ အော်ပြီးဒေါသတကြီးထွက်သွားတဲ့သူကိုနွေဦးတကယ်စိတ်တိုပါသည်။တစ်ဖက်လူအတွက်တော့နည်းနည်းလေးမှမစဉ်းစားပေး သူကသူဖြစ်ချင်တာကိုဘဲသိသည်။

တွေးရင်းနဲ့ နွေဉီးငိုချင်လာသည်။ နွေဦးမှာမိဘတွေကလဲရှိတော့တာမဟုတ်ဘူး အခုလို သူများရွာမှာစာလာသင်‌ ပေးရင် ယောင်္ကျားရသွားတာကိုသာဒေါ်လေးတို့သိရင် နွေဦးကို တစ်သက်လုံးအပစ်ပြောလို့ပြီးမှာမဟုတ်

"မောင်လေးအစား ကျွန်မတို့ကဘဲတောင်းပန်ပါတယ်ရှင်။ အခုမောင်လေးပြောသွားတာတွေကိုလဲ စိတ်ထဲမထားပါနဲ့ သူကစိတ်ဆိုးသွားလို့ပါ

နှင်းသွေးကြားထဲကနေ တောင်းပန်ပေမဲ့လဲဆရာလေးကတော့ ငိုပြီးတော့ထွက်‌သွားတော့သည်။ ‌နှင်းသွေးနဲ့အဖေ ကိုဟန် သူကြီးနဲ့ ကျောက်ခဲအမေတို့ကိုတောင်းပန်ပြီးအိမ်ကိုပြန်လာခဲ့လိုက်သည်။

ဆရာလေးကဘာလို့အခုလက်မထက်ချင်တာကို နှင်းသွေးတို့သိပေမဲ့ မောင်လေးကမသိတော့ဆရာလေးကိုတမျိုးထင်သွားတာဖြစ်သည်။

" အီးဟီး လူယုတ်မာကောင်  အရိုင်းအစိုင်း မသာကောင်ကြီး။ ပြောတော့လူကို ငိုအောင်မလုပ်ဘူးဆိုပြီး ငိုအောင်လုပ်သွားတယ်

"ဘာတဲ့ လမ်းခွဲလိုက်တဲ့လား  သူမလို့ ပြောထွက်တယ် အီးဟီး

နွေဦးခေါင်းအုံးပေါ်မှောက်ပြီး အားရအောင်ငိုချပစ်လိုက်သည်။ အခုလိုမှမငိုရရင် နွေဦးဘယ်လိုမှနေနိုင်မည်မဟုတ် ဒင်းကိုစိတ်ဆိုးပါသည်လာလို့ကတော့ ဒင်းမျက်နှာကိုသေချာကြည့်ပြီး ငါလဲမင်းကိုပြတ်နိုင်တယ်လို့ကိုပြောပစ်မည်။

" တိတ် ဘာလို့ငိုနေတာလဲ

မော့ကြည့်လိုက်တော့ လူယုတ်မာကောင်

နွေဦးခေါင်းအုံးနဲ့သူကို ပစ်ထည့်လိုက်၏

မျက်နှာစီပျံဝဲလာတဲ့ ခေါင်းအုံးကို ခွပ်ဒေါင်းဖမ်းလိုက်ပြီး ထိုလူဘေးဝင်ထိုင်လိုက်တော့

လက်ထဲကခေါင်းအုံးကိုအတင်းပြန်ဆွဲလုသွားပြီးလူကို‌ရိုက်ပါလေရော

ဒေါင်းWhere stories live. Discover now