အပိုင်း(23)

3.2K 319 21
                                    

"ကာရန် "

"_______"

နွေဦး ကိုယ်မျက်လုံးနဲ့ ကိုယ်နားကိုယ်တောင်မယုံကြည်တော့ပါ အခုနွေဦးနာမည်ကိုခေါ်ပြီးနွေဦီးဆီလျောက်လာတဲ့သူက ကိုဟန် မနေ့ကည အိပ်ရေးပြတ်ပြီး မျက်လုံးထဲမြင်ချင်ရာမြင်ပြီး ကြားချင်ရာတွေကြားနေတာလားမပြောတက်ပါ

" ကိုယ့်အရမ်းချောလာလို့ မမှတ်မိတော့တာလား

မျက်စိရှေ့တည့်တည့်မှမြင်နေကြားနေရတာတောင်မယုံနိုင်တဲ့အထိ

"ကိုဟန် •••••ဘယ်လိုလုပ်ဒီကို ••ရောက်လာတာလဲ

" အဲ့တာတွေကနောက်မှပြောပြမယ်လေကွာ အခုကိုယ်ကာရန် ဖက်ပါရစေအုံး

"အင့် !

ပြောပြောဆိုဆိုခါးနဲ့နေ ဆွဲဖက်လိုက်တာကြောင့် ^အင့် ဆိုတဲ့အသံလေးနဲ့အတူ‌ နွေဦး ကိုဟန်ရင်ခွင်ထဲ ရောက်သွားသည်။

ဘေးကကျောက်ခဲကိုကြည့်လိုက်တော့ဘယ်ရောက်သွားလဲမပြောတက် မရှိတော့ဘူး

__&&&___

အရက်ကို ကြိုက်လို့သောက်တဲ့သူ

စိတ်ပျော်လွန်းလို့သောက်တဲ့သူ

သောက်ပစ်လိုက်မယ်အရက်များများ

ဟေး ဟေး

သုံးယောက်သားရေချိန်လေးလဲ ကိုက်နေပြီးမလို့ ပါးစပ်ထဲရှိသမျှလျောက်အော်ဆိုရင်း ရွာလည်လမ်းမကြီးအတိုင်း ပုဆိုးကိုစလွယ်သိုင်းပြီးတော့ ယှိင်တိယှဉ်ထိုးနဲ့ လျောက်လာခဲ့ကြတော့သည်။

" ကိုကြီး ခွပ်ဒေါင်း ကိုကြီး ငမဲတူး ကိုကျော်ကြီး

ဘယ်လောက်အော် မကြားတဲ့သူတွေနောက် ကျောက်ခဲအမြန်ပြေးလိုက်ရပြီး ကိုကြီးခွပ်ဒေါင်း လက်ကို ဖမ်းဆွဲထားလိုက်ပြီး

" အမလေး မောလိုက်တာဗျာ ဒီလောက်ခေါ်နေတာတောင် မကြားဘူးလား

ခွပ်ဒေါင်းကျောက်ခဲကို ရီဝေဝေဖြင့်ကြည့်လိုက်ပြီး

"မင်းက ဘာလုပ်မလုပ်လို့ ငါတို့ကိုခေါ်နေတာလဲ အော့

"ဆရာလေး ဆရာလေး

"ဘာဖြစ်လဲ

"ကောင်လေး ကောင်လေးနဲ့ဖက် ဖက်နေတာ

ဒေါင်းWhere stories live. Discover now