အပိုင်း(9) Un Zaw

4.1K 445 32
                                    

"အာစိမနေ့က စလေသွားတယ်ဆို ဘာသွားလုပ်တာလဲ

" မြို့ကဆရာလေး  လိုက်ပို့ပေးတာပါကွာ သူအိမ် ဖုန်းဆက်ချင်တယ်ဆိုလို့ကွာ

ခွပ်ဒေါင်း ဂျိုးကြော်စားရင်းပြန်‌ဖြေလိုက်တယ်

"  မြို့ကဆရာလေးက ချောတယ်နော် ရွာကမိန်းကလေးတွေတောင် ဆရာလေးကို မမှီဘူး

ထန်းရေကိုတစ်ခါထဲမော့‌သောက်လိုက်ပြီး
ငကျော်အပြောကို မျက်မှုန်ကြုတ်ပြီးတော့

"အေ့ ချောတယ် ချောတာမှ ငါးရှဉ့်ကို ဆီသုတ်ထားတဲ့အတိုင်း ဖမ်းလို့ကိုမမိဘူး

" ကျွန်တော်တို့ကအတည်ပြောနေတာအာစိရ ရွာထဲက ကောင်မလေးတွေကတောင် ဆရာလေးကို ကြိုတ်ကြွေနေကြတာ

"ဘယ်ကမကလဲ ကျော်ကြီးရာ အောင်တိုးကပါ ဆရာလေးကို ကြိုက်နေတယ်ပြောတယ်

"ခလွမ် ! ! !

" ငမဲတူးဘာပြောတယ်ပြန်ပြောစမ်း

ထန်းရေအိုးကိုရိုက်ခွဲလိုက်ပြီ ငမဲတူးကို အကျီကော်လံစကိုဆွဲပြီး ဒေါသ သကြီးထမေးတဲ့ အာစိကြောင့်  ငမဲတူးလန့်သွားသည်

ဘာစကားအမှားပါသွားလို့ အာစိကဒီလောက်ဒေါသထွက်သွားရတာလဲ

" ငါမေးနေတာမကြားဘူးလား ထိုးခံချင်လို့လား ဟမ်း•••••

" မနေ့က ညနေခင်း ချောင်းထဲသွားတုံးကကြားခဲ့တာ အောင်တိုးက ဆရာလေးကြိုက်တယ်လို့ပြောနေတာ ကြားခဲ့တာ

" တောက် ! !

" တွေ့ကြသေးတာပေါ့ကွာ သွားမယ်ထ

"ဟို အာစိဘယ် ဘယ်သွားမလဲလို့

" ဘယ်သွားရမှာလဲ အဲ့ကောင်တွေရှိတဲ့ ဆီပေါ့

ပုဆိုးကိုစလွယ်သိုင်းပြီး ဒေါသ သကြီးထွက်သွားတဲ့ အာစိနောက်ကို ငမဲတူးနဲ့ ကျော်ကြီး အပြေားလိုက်ရတော့တယ်

အောင်တိုးက ဆရာလေးကိုကြိုက်တယ်ပြောတာ ဘာနာစရာရှိလို့လဲ   စိတ်တော့ညစ်တာဘဲ

" ကျောင်းဆင်းချိန်လဲ နီလာပြီးဆိုတော့ စာအုပ်တွေသိမ်းထားတော့နော်

"ဟုတ်ကဲ့

"မနက်ဖြန် ဘာနေ့လဲဆိုတာရောသိလား။

ဒေါင်းWhere stories live. Discover now