အပိုင်း(40)Un Zaw

Magsimula sa umpisa
                                    

"ဟို ဟို

"ဘာမှဟို‌မနေနဲ့ ခင်ဗျားကငယ်တော့တာမဟုတ်ဘူး အသက်ကကြီးနေပြီး မြန်မြန်ယူပြီး မြန်မြန်ကလေးမွေးကြရအောင်ဗျာ

မျက်နှာကိုရေနွေးပူနဲ့ပက်လိုက်သလို နွေဦး မျက်နှာကိုဘယ်နားသွားထားရမှန်းမသိ ဒင်းကလူကြားထဲလဲအဲ့လိုအရှက်မရှိတဲ့စကားတွေ ပြောတာကြောင့် ဒင်းကိုကြည့်မရတာ ဘယ်တော့နေ နေစကားကို ရှေ့နောက်ကြည့်ပြီးမပြော ဒင်းလိုလူကို နွေဦးဘာကြည့်ပြီးများကြိုက်ခဲ့ပါလိမ့်

"ဆရာလေးဘက်က ဖြစ်ချင်တဲ့အရာမှန်သမျှတောင်းဆိုလို့ရပါတယ် ကျွန်တို့ကဆရာလေး ဖြစ်ချင်သမျှကိုလိုက်ရောပေးမှာ

" အခုက ဆရာလေးဆန္ဒကိုသိချင်လို့ ခေါ်မေးတာပါ ဆရာလေးသာ မဂ်လာဆောင်ဖို့သဘောတူရင် မြို့ကဆရာလေးမိသားစုတွေဆီကို မိသားဖသားပီပီလာတောင်းမှာပါ

ချက်ချင်းကြီးဆိုတော့ နွေဦးမှာဘာပြန်ပြောရမှန်းမသိ  သူကိုချစ်တာမှန်ပေမဲ့ ချက်ချင်းကြီးလက်ထက်ဖို့ကျ မဖြစ်နိုင်ဘူး 

အာလုံးကနွေဦးဆီကအဖြေကိုစောင့်မျှော်နေကြသည်။  နွေဦးသေချာဆုံးဖြတ်ချက်ချလိုက်ပြီး

" ကျွန်တော် အခု မဂ်လာ‌မဆောင်ချင်‌သေးဘူး ဖြစ်နိုင်ရင် ၁နှစ် ၂နှစ်လောက် နေမှယူဖို့တွေးထားတယ်

ထိုအချိန်မှာဘဲ ကွပ်ကျစ်ပေါ်ကနေ ထပြီး

" တောက် !!

" ဘာလဲခင်ဗျားက ကျုပ်ကိုမယုံတာလား ကျုပ်လို အရက်သမား လူဆိုးလူပေက ခင်ဗျားကိုယူပြီး ရှာမကျွေးမှာဆိုးလို့လား ဟမ်

ထင်ရက်လိုက်တာ သူမလို့ဒီလိုထင်ရက်တယ် နွေဦးမှာက သူတို့လိုပြည့်စုံတာကမဟုတ် အခုချိန်သူကိုယူလိုက်ရင်တခြားသူတွေက နွေဦးကိုသူတို့ချမ်းသာမူတွေကိုမက်မောလို့ ယူလိုက်တယ်ဆိုတဲ့စကားသံတွေထွက်လာမှ နွေဦးသိသည်။ဒါတွေကိုကြိုမြင်လို့ နွေဦး ပိုက်ဆံရှာပြီး ပြည့်စုံလောက်တဲ့အချိန်ကျမှ  ယူဖို့ ပြောလိုက်မိတာကိုသူကဒီလို စကားမျိုးထွက်လာတယ်

" ကျုပ်လို့အရက်သမားနဲ့ ခင်ဗျား ယူရမှာရှက်နေရင်လဲ လမ်းခွဲလိုက် တောက်!!

ဒေါင်းTahanan ng mga kuwento. Tumuklas ngayon