အပိုင်း(40)Un Zaw

Start from the beginning
                                    

ကျောက်ခဲထွက်သွားတာနဲ့  နွေဦး အိမ်ပေါ်တက်က မှန်ရှေ့ ကိုယ်ရုပ်ကိုပြန်ကြည့်နေမိသည်။ တကယ်ဘဲရုပ်နှာမှာ ပေါ်နေတာလား ရှက်စရာကြီးကွာ

ညနေခင်းလေးနာရီလောက်အချိန်မှာ နွေဦး သူကြီးအိမ်ကိုထွက်လာခဲ့လိုက်သည်။ နေအေးမှခေါ်တာဆိုတော့ ဒီအချိန်က အနေတော်လောက်ဘဲမလား

နွေဦးသူကြီးအိမ်ရှေ့ရောက်တော့ သူကြီးအိမ်ရှေ့ ကွပ်ပစ်ပေါ်မှထိုင်နေကြတဲ့  ခွပ်ဒေါင်းမာန်တို့မိသားစုနဲ့ ကျောက်ခဲတို့မိသားစုပြီးတော့ ကိုဟန်ရောပါသေးတယ် 

စကားတွေပြောပြီးရီမောနေကြသည်။ နွေဦးဒီလိုမှန်းသိရင် စောစောလာပါတယ် အခုတော့လူကြီးတွေက နွေဦး‌ကိုစောင့်နေရတယ်

နွေဦးဝင်လာတာမြင်တော့ သူကြီးကအရင်ဆုံးနူတ်ဆက်သည်။

"မောင်နွေဦးတောင်ရောက်လာပြီဘဲ လာလာ

"ဟုတ် ဟုတ်

နွေဦး သူကြီးပြတဲ့နေရာမှဝင်ထိုင်လိုက်၏ နွေဦးနဲ့တည့်တည့်က ဦးတိုးမာန်ဖြစ်တာကြောင့် နွေဦးပြုံးပြလိုက်ပြီး အကြည့်ကိုတခြားနေရာကိုသာပို့ထားလိုက်‌ေတာ့သည်။

"အခုခေါ်လိုက်ရတဲ့ အကြောင်းကတော့

" သူကြီး တည့်တိုးသာပြောလိုက် ကြာတယ်ရယ်

ခွပ်ဒေါင်းမာန်က အလျင်လိုနေသလိုထပြောသည်။ နွေဦးသူကိုမျက်စောင်းသာ ထိုးပစ်လိုက်၏  အဲ့လိုလူကြီးတွေစကားပြောနေတုံး ဝင်ပြောတာလောက် အမြင်ကပ်တာမရှိ

အမြင်ဘဲကပ်တာနော်  မချစ်ဘဲတော့မနေနိုင်ဘူး

"  ဒီက ဦးတိုးမာန်က မောင်နွေဦးကို  သူသားအတွက်လာတောင်းပေးဖို့ဦးလေးကိုလာပြောနေလို့ ဦးလေး မောင်နွေဦးကိုခေါ်လိုက်ရတာ

"ဗျာ

"ဗျာမနေပါနဲ့ ဆရာလေးရယ်  ဆရာလေးလဲကျုပ်သားကိုမေတ္တာရှိတယ်မလား အဲ့တာကြောင့် မိဘတို့တာဝန်အရ ကျုပ်က ဆရာလေးကိုကျုပ်သားအတွက် လာတောင်း ဖို့ သူကြီးနဲ့တိုင်ပင်ရင်း မောင်နွေဦးဆန္ဒကိုပါ သိချင်လို့ ခေါ်ခိုင်းလိုက်တာ

ဒေါင်းWhere stories live. Discover now