" ဟန်နီ ကိုယ့်ကို အခန်းထဲဝင်ခွင့်ပြုပါဦး "
" သေလိုက်လေ "
ဒါရာရဲ့ခန္တာကိုယ်သေးသေးသည် တံခါးပေါက်ကနေ ကာပြီးထိုလူအထဲသို့မဝင်နိုင်အောင် ပိတ်ထားသည်။
" မင်းဆေးသုံးတဲ့အကြောင်းကိုသာ အကယ်၍ကျောင်းကသိသွားခဲ့ရင်... "
သောက်ကောင်သည် စကားကိုဆက်မပြောဘဲထိုနေရာတွင်ရပ်တန့်လိုက်၏။
" ကျောင်းသူတစ်ဦးရဲ့အိမ်ထဲကို ဝင်ပြီးကျောင်းသူကိုအနိုင်ကျင့်တဲ့ဆရာအကြောင်းကို ရဲတွေသိသွားရင် ... "
ဒါရာသည် ထိုစာကြောင်းကို ထိုနေရာမှာ ရပ်တန့်လိုက်သည်။ပြီးနောက် ဒါရာကဆက်၍
" ခန္တာကိုယ်ကဒဏ်ရာဆိုတာ လုပ်ဖို့အလွယ်ဆုံးမလား "
သောက်ကောင်သည် သူမစကားကိုကြားတော့ ဣဒ္နြေတောင်မဆယ်နိုင်တဲ့အထိ ရယ်ချလိုက်ပြီး
" ငါကလည်း ဒီသုသာန်လိုအခန်းထဲဝင်ဖို့စိတ်မပါပါဘူး နောက်လိုက်ရုံပါ "
" နောက်မှတွေ့မယ် ဒါရာ "
ပြီးနောက် ထိုသောက်ကောင်သည် သူ့ခြေထောက်နဲ့သူလှည့်ပြန်သွားပြီး ဒါရာကသောက်ကောင်ထွက်သွား၊မသွားသေချာသိစေဖို့အတွက် အိမ်တံခါးဝအထိလိုက်ပါလာလေသည်။
သောက်ကောင်သည် ဒီနေရာကိုသူကိုယ်တိုင်လာခဲ့သည်မဟုတ်သည့်အလားတစ်ချက်တောင်လှည့်မကြည့်ဘဲ ဘောင်းဘီအိတ်ထဲလက်ထည့်ကာ လေချွန်လျက်ထွက်သွားလေသည်။
တံခါးကို ချက်ချကာ ပိတ်ဖို့လုပ်လိုက်ပေမဲ့
ပျက်နေသည့်ချက်က သူမကို တံခါးမပိတ်ခိုင်း။ဂျက်ကိုဖျက်စီးပစ်သည့် သောက်ကောင်ကိုစိတ်ထဲမှ ပယ်ပယ်နယ်နယ်ကျိန်ဆဲလိုက်သည်။
ဒါရာအခန်းရှေ့ကိုရောက်တော့ ချက်ချင်းမဝင်သေးဘဲ သောက်ကောင်ပြောသည့် သုသာန်လိုအခန်းအားစေ့ငုံပြီးကြည့်လိုက်သည်။
ဒါရာ့ရဲ့အခန်းသည် အဖြူနှင့်အမဲနဲ့ပင်ပြည့်နေသည်။
ဒါရာ့အခန်းတွင် မှန်မရှိ။
မှန်တင်ခုံနှင့်တစ်ဆက်တည်းပါလာသည့် တစ်ခုတည်းသောမှန်သည်လည်း အနက်ရောင်ဆေးများဖြင့် မျက်နှာပြင်အပြည့် အချယ်ခံထားရသည်။
Past4!
Start from the beginning