"လာလေ လိုက်ခဲ့လေ အတူတူပြန်မယ်လေ"

"ရား Taehyung"

အတူတူလိုက်ခဲ့မယ်လို့စပြောလာတဲ့ အမြင်ကတ်စရာMinhoကို Kim Taehyungက ငြင်းလိုက်မယ်လို့ထင်ထားပေမဲ့ အတွေးနဲ့လက်တွေ့ကတခြားစီပင်။ ချက်ချင်းကိုလိုက်ခဲ့လေလို့တန်းဖြေလိုက်တာ။ နှစ်ခါတောင်ပြန်မစဥ်းစားတော့ဘဲကို ဖြေလိုက်တာ။ သူငယ်ချင်းကိုကြိုက်နေတဲ့လူကိုတောင် အတူတူလိုက်ခဲ့ဖို့ခေါ်တဲ့ Kim Taehyungကိုခြေရောလက်ရောမြှောက်ပြီး အရှုံးပေးပါတယ်။

"Sunghoonကလည်း တစ်ယောက်တည်းပြန်ရမှာကို ခေါ်ခဲ့လိုက်ပါနော် "

"မသိဘူးကွာ..မင်းလုပ်ချင်သလိုသာလုပ်တော့"

သူ့အလိုမကျတော့ နှုတ်ခမ်းလေးဆူပြီးရှေ့ကလျှောက်သွားတဲ့Sunghoonကိုကြည့်ပြီးMinhoမှာ အူတွေအသဲတွေယားနေမိတာ။ အရင်ကတော့ မြင်တိုင်းကိုင်ပေါက်ပစ်ချင်ပေမဲ့ ခုတော့ချစ်လွန်းအသဲယားလွန်းလို့ အိတ်ကပ်လေးထဲထည့်ထားချင်လိုက်တော့တယ်။ လူဆိုတာအပြောင်းအလဲမြန်တတ်တာ ကိုယ့်ဘာသာကိုယ်ကြည့်မိပြီး Minhoတကယ်လက်ခံလိုက်တယ်။

"သွားလေ အနောက်ကလိုက်သွား "

စိတ်အလိုမကျဘဲ ထွက်သွားတဲ့Sunghoonကို လက်ကြီးပိုက်ပြီးပြုံးပြုံးကြီးကြည့်နေတဲ့ Minhoကိုဘေးဘက်ကနေ တိုက်တွန်းပေးရသေးတယ်။ ခုလိုအခွင့်အရေးကိုသာ လက်လွှတ်ခံလိုက်ရင် Minhoဒီတစ်သက်အခွင့်အရေးထပ်မရတော့မှာသေချာနေရောမလို့ ဘေးကအမြန်ပြောလိုက်မှ ပြေးလိုက်သွာတော့တယ်။

Taehyungကတော့ မကြာခင်မှာရည်းစားဖြစ်လာနိုင်တဲ့လူနှစ်ယောက်ကြားအပိုလူမဖြစ်ချင်တာမလို့ ကိုကို့ကို ကျောင်းဂိတ်မှာစောင့်ဖို့သာ အမြန်သွားလိုက်တယ်။

Sunghoon အမြင်ကတ်ကတ်နဲ့ Kim Taehyungရော Jung Minhoကိုရော ထားခဲ့ပြီး အရှေ့ကထွက်လာလိုက်သည်။ အနောက်ကလိုက်လာမလားလို့ လှည့်လှည့်ကြည့်ပေမဲ့လိုက်မလာတာမလို့ စိတ်အတော်တိုလာသည်။ အနောက်ကနေ ခြေပြေးသံကြားလိုက်တော့မှ တိုနေတဲ့စိတ်ကအနည်းငယ်ကျသွားတယ်။ Kim Taehyungတို့များ လိုက်လာမှာတောင် ချက်ချင်းမလိုက်လာဘူး အချိန်တွေဆွဲပြီးစိတ်တိုအောင်လုပ်လိုက်သေးတယ်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now