"ဟုတ်ကဲ့ပါ!!!"

ခုလိုမျိုး ပြင်ပလှုပ်ရှားမှုတွေ..လေ့လာရေးခရီးတွေဆိုရင်ကျောင်းသား/ကျောင်သူအကုန်နီးပါးလိုလို စိတ်ပါဝင်စားကြတယ်။ မနေ့ကစိတ်ကောက်တော်မူသွားတဲ့ချစ်သူကလေးဆိုးလေးကိုကြည့်လိုက်တော့ ဘေးကသူငယ်ချင်းနဲ့ တတွတ်တွတ်စကားများနေသည်။ ဘာပြောနေတာလဲဆိုတာခန့်မှန်းစရာမလိုအောင်သိနေတယ်။ သေချာပေါက်ကျောင်းလေ့လာရေးခရီးအတွက်တိုင်ပင်နေကြတာနေမယ်။ အခုလို ပျော်ဖို့ပါးဖို့ကိစ္စတွေဆို Kim Taehyungကထိပ်ဆုံးက‌လေ။

"အဲ့ဒါဆို ဆရာဆီကအခုပတ်သောကြာနေ့ကို နောက်ဆုံးထားပြီးစာရင်းလာပေးနော်"

"ဟုတ်ကဲ့ပါဆရာ!!"

"ကဲ စာသင်ကြရအောင်နော်.. Page 113ကိုလှန်လိုက်ကြနော်"

ဆရာJungkook‌လာကြေညာသွားတဲ့ကိစ္စကိုသိလိုက်တဲ့အချိန် Kim Taehyungမှာအပျော်ပေါ်အပျော်ဆင့်နေတာ့တယ်။ခရီးထွက်ရတာသဘောသိပ်ကျတာမလို့ ဘေးနားက Sunghoonနဲ့ လေ့လာရေးခရီးမှာဘာတွေလုပ်ကြမယ်ဆိုပြီး Planကိုကြိုချထားတော့တယ်။

စာသင်ချိန်တွေတစ်ချိန်ပြီးတစ်ချိန်ကုန်ရင်း ညနေဘက်ကျောင်းဆင်းချိန်ရောက်လာသည်။ ကိုကိုနဲ့အတူတူပြန်မှာမလို့  ကိုကို့ရုံးခန်းမှာစောင့်မလို့တွေးထားပေမဲ့  ကျောင်းဂိတ်ဂိတ်ပေါက်ဝမှာပဲစောင့်ဖို့ ပြင်ပြီးSunghoonနဲ့အတူ အတန်းထဲကထွက်လာလိုက်သည်။

အတန်းပေါက်ဝမှာ ရပ်စောင့်နေတဲ့Minhoကိုမြင်တော့ သနားတဲ့စိတ်လေးတောင်ဝင်လာမိတယ်။ Park Sunghoonက Minhoကိုငယ်ငယ်ကတည်းက အမြင်ကတ်တာဆိုတော့ ချစ်လာဖို့ဆိုတာကိုအတော်ကိုကြိုးစားရမှာ‌လေ။ ကြားထဲက Minhoရဲ့နေရာမှာဝင်ပြီး ကိုယ်ကရင်လေးမိတယ်။

"Minho အိမ်ပြန်တော့မှာလား"

"အာ ဟုတ်တယ် တစ်ယောက်တည်းပြန်ရမှာမလို့ မင်းတို့နဲ့အတူပြန်မလားလို့လေ"

တံခါးပေါက်နားရောက်တော့ Taehyungဘက်ကပဲစနှုတ်ဆက်လိုက်ပေးတယ်။ ကိုယ့်Crushကိုလာစောင့်နေတာကို စကားပါစပြောဖို့ကိုအတော်ခက်မှာဆိုတာသိနေတာမလို့ ကြားထဲကနေ ဝင်ညှိပေးရင်းစကားစပေးလိုက်တာပင်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now