*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း

Start from the beginning
                                    

ချီလန်က အခွင့်ကောင်းယူကာ သူ့ကို မေးလာသည်။
"မင်းရဲ့မိသားစု... မင်းက ဘယ်ကနေလာတာလဲ"

ရုန်ယိကိုယ်က နှာခေါင်းလေးရှုံ့ကာ အနံ့ခံလိုက်ပြီး
"ခင်ဗျား ရှာမတွေ့နိုင်တဲ့ နေရာတစ်ခုက.."

"မင်းရဲ့ဇာတိက ဝင်ပေါက်နေရာကို ရှာဖို့ခက်ခဲတဲ့ ရွေ့လျား လျှို့ဝှက်နယ်မြေတွေလိုမျိုး မလို့လား"

"အဲ့ထက်ပိုခက်တယ်"
ရုန်ယိကိုယ်က တူကောက်ကိုင်ကာ ပြောလိုက်သည်။
"ခင်ဗျားက သေရည်လေးတစ်ခွက်နဲ့ ကျွန်တော့်ကို အရူးလုပ်ချင်နေတာလား.. ဆုတောင်းနေလိုက်!"

"မဟုတ်ဘူး"
ချီလန်က သေရည်အိုးကို လက်ချောင်းထိပ်နဲ့ တတောက်တောက်ခေါက်နေရင်း
"ငါက သေရည်တစ်အိုးလုံးကိုသုံးမှာ.. အဲ့တာက မင်း မူးချင်စိတ်ရှိမရှိပေါ်ဘဲ မူတည်တယ်"

"အခုက မူးရမဲ့အချိန်မဟုတ်သေးဘူး"
ရုန်ယိကိုယ်က အဓိပ္ပါယ်ပါပါပြောရင်း သေရည်နောက်တစ်ငုံ ထပ်သောက်လိုက်သည်။

သူတို့ စကားပြောနေတဲ့အချိန်  အခန်းထဲမှာတော့ ရုန်ယိတစ်ယောက် ရုတ်တရက် မျက်လုံးတွေပွင့်လာကာ  အခန်းထောင့်က ဆီးအိုးကိုရှာဖို့ အိပ်ရာပေါ်ကနေ အမြန်ပြေးထွက်လာသည်။

"ဘယ်မှာလဲ"
သူ အခန်းပတ်လည်လိုက်ကြည့်ပေမဲ့ အိုးကအခန်းထဲရှိမနေတာကြောင့် အစေခံတွေ ယူထုတ်သွားတာလို့ ထင်လိုက်သည်။

သူ အပေါ့သွာဖို့ အလွန်အလျှင်လိုနေပြီး ခြံဝန်းနောက်ထောင့်မှာ အိမ်သာရှိတာ သူသတိရသွားသည်။ သူထပ်မအောင့်နိုင်တော့တာကြောင့် ပြတင်းပေါက်ကနေတဆင့်ဘဲ အပြင်ဘက်ပြေးထွက်သွားတော့သည်။

အပြင်ဘက်ကစောင့်ကြည့်နေတဲ့ လေရိုင်းခြင်တွေက သူ့နောက်အမြန်လိုက်သွားလိုက်သည်။ သူအိမ်သာသွားမှန်းတွေ့တဲ့အခါမှ အထဲလိုက်ဝင်ဖို့ကို ရှက်ရွံ့တာကြောင့် ရပ်တန့်လိုက်ကြတော့သည်။

လေရိုင်းခြင်တစ်ကောင်က သက်ပြင်းချကာ ပြောလာသည်။
"လူသားတွေက တော်တော်အလုပ်ရှုပ်တာဘဲကွာ.. မအောင့်နိုင်တော့တာကိုတောင်မှ သူတို့ကိုယ်ကို ကာဖို့ တစ်နေရာလိုက်ရှာနေရသေးတယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now