"အင်းပါ ကျွန်တော်က Busနဲ့ဘဲသွားမှာနော် အတူတူမလိုက်ဘူး"

"အဲ့ဒီလိုမလုပ်ပါနဲ့ကွာ..ကိုယ်နဲ့အတူလိုက်ခဲ့ပါ"

ကျောင်းသွားဖို့ အောက်ထပ်ကိုဆင်းလာတဲ့Taehyungက ကျောင်းသွားဖို့ဆင်းလာတာရောဟုတ်ရဲ့လားသံသယတောင်ဝင်မိတယ်။ အောက်ထပ်ရောက်ရောက်ချင်းကလေးဖြစ်တဲ့Junghyungနဲ့ ကိုယ့်ကိုပြိုင်လုတယ်။ သဝန်တိုလို့ဆ်ိုတာသိပေမဲ့ Junghyungကခုမှကလေးပဲရှိသေးတာလေ..အဲ့ဒီလို‌တွေနားလည်ဖို့ထက် သိကိုမသိသေးတာလေ။ အဲ့ဒီလို ကလေးကိုလိုက်သဝန်တိုနေတဲ့လူကြီးလိုလိုကလေးလိုလို Kim Taehyungကတကယ့်အဆိုးလေး။ ခုလည်း ကျောင်းသွားမှာကို ကိုယ်နဲ့အတူမလိုက်ဘဲBusနဲ့သွားမယ်လုပ်နေပြန်တယ်။

"ကျွန်တော်က Junghyungနဲ့ မသွားချင်ဘူးလို့"

"အယ်အဲ့ဒီလိုမရဘူးလေ.. ညီအစ်ကိုတွေလေ...ကိုယ်နဲ့အတူလိုက်ခဲ့လေ..Busနဲ့ဆိုလူအရမ်းများတယ်"

"ဟင့်အင်နော်...မလိုက်ဘူးပဲ"

"Taehyungကလည်း မဆိုးပါနဲ့ကွာ မင်းကလည်း..ကလေးကိုနားလည်ပေးလိုက်ပါ.."

"မသိဘူးဗျာ...သွားပြီကျောင်းသွားပြီး ခင်ဗျားကားနဲ့မလိုက်ဘူး"

နောက်ဆုံးနှုတ်ခမ်းထော်ပြီးဆူအောင့်ပြီးထွက်သွားတဲ့ Taehyungကိုဘယ်လိုမှမနိုင်တော့လို့ လွှတ်ပေးလိုက်ရတယ်။ တကယ် ကလေးဆိုးလေးပါ Junghyungတောင်Taehyungလောက်ကလေးဆန်မှာမဟုတ်ဘူး..။ Junghyungကို မခေါ်ဘဲသွားလို့မှမရတာ အဲ့ဒါကိုသိရက်နဲ့Taehyungက‌ဆိုးနေတော့တာ။ ‌

"သားရေ မနက်စာစားမယ်လာ အကိုJungkookလည်းလာလေ..."

"အော် အင်းလာပြီနော်"

Heeinကလာပြီး မနက်စာစားဖို့ခေါ်တာမလို့...Junghyungကိုထမင်းစားဝိုင်းကိုခေါ်ပြီး သွားလိုက်သည်။ မနက်စာဆိုတော့ ရိူးရိုးရှင်းရှင်း ပေါင်မုန့်ထောပတ်သုတ်နဲ့လက်ဖက်ရည်လုပ်ထားသည်။ ထမင်းစားပွဲမှာ Jungminကိုမတွေ့တာမလို့မေးလိုက်တယ်။

"Jungminရော မစားသေးဘူးလား"

"အကို့သူငယ်ချင်းက ညကအလုပ်လုပ်တာညဥ့်နက်သွားတော့ မနက်ခုမနိုးသေးဘူးလေ... "

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Unde poveștirile trăiesc. Descoperă acum