"ရားး Kim Junghyung..မင်းနဲ့ယူမရဘူးနော်"

"ဘာဖြစ်လဲ ကိုကိုTaeပြောသလိုသာဆို လင်မယားဖြစ်ရင်အဝတ်အစားဝတ်ပေးရတယ်ဆို..."

"အေးလေ ရတယ်လေ ဒါပေမဲ့... အဲ့ဆရာJungkookက ငါ့ရည်းစားကွ"

နောက်ဆုံးစကားဖြစ်တဲ့ ငါ့ရည်းစားဆိုတဲ့စကားလုံးကို သွားကြားထဲကလေထွက်ရုံအမျှအံကြိတ်သံနဲ့ပြောလိုက်တယ်။ ညီကို ကျန်တာတော့အလိုလိုက်မည်..ဒါဆိုရင်တော့ ဝေးဝေးသွားပဲ။ အချစ်ကိုရူးမိုက်နေစွဲလမ်းနေတာလားလို့လာမေးရင် အင်းဟုတ်တယ် ဆရာJungkookကို မဆုံးရှုံးချင်ဘူး..ကိုယ်တစ်ယောက်တည်းပဲပိုင်ဆိုင်ချင်တယ်။ Kim Junghyungလိုကလေးနဲ့ ပြိုင်လုနေလို့ကလေးဆန်တယ်ထင်ချင်ထင်ကြမယ်ဆိုတာသိပေမဲ့ ကလေးနဲ့တောင်သဝန်တိုနေမိလို့ခုလိုပြောမိတာ။

"ဦးဦးJungkook..ရည်းစားဆိုတာဘာလဲဟင်"

"အဲ့ဒါငါ့ရဲ့-"

"တော်ပါတော့ Taehyungရယ်...ကလေးက ငယ်ငယ်လေးဆိုတော့ ဘာမှမသိလို့ပြောမိတာလေ ဟုတ်တယ်မလား.. Taehyungလေးကပဲ အကြီးဆန်ဆန်နေပေးလိုက်ပါ"

ကြားထဲကဝင်ညှိပေးတဲ့ ကိုကို့ကြောင်သာကိုယ့်ဘက်ကလျှော့ပေးလိုက်တော့တယ်။ Junghyungကို ထုထောင်းပစ်ချင်တဲ့စိတ်ကလုံးဝကိုထိန်းချုပ်မရတော့တာ။ သူများရည်းစားကို သူကလက်ထပ်မှာတဲ့ ကလေးကကလေးစကားဘယ်တော့မှမပြောဘူး..အမြင်ကတ်စရာသတ္တဝါလေးဆိုတာလူတိုင်းသိတယ်။

"Taehyungလည်း ကိုယ်နဲ့အတူကားနဲ့လိုက်မှာမလား"

"Kim Junghyungပါရင်မလိုက်ဘူး"

တကယ်ပါ ကိုယ့်ညီသာဆိုပေမဲ့တစ်ကားတည်းအတူတူတောင်မစီးချင်ဘူး။ ကိုယ့်ညီကိုချစ်ပေမဲ့လည်း အဲ့ဒီချစ်တဲ့အချိန်ထက်အမြင်ကတ်တဲ့အချိန်ကပိုများနေတော့လည်းမတတ်နိုင်ဘူး။ ကိုယ်ကလည်း Junghyungလူကြီးစကားပြောတဲ့အချိန်ဆို အရမ်းအမြင်ကတ်တာ။ အဲ့ဒီကလေးက လူကြီးစကားအမြဲပြောနေတော့ အမြဲအမြင်ကတ်နေမိတော့တာ မဆန်းပါဘူး။

"Taehyungအဲ့ဒီလိုမဆိုးရဘူးလေ... Junghyungနဲ့ကညီအစ်ကိုတွေလေ တည့်အောင်နေပါနော်..."

"သူက အရင်စတာလေဗျာ..."

"အဲ့ဒါက ကလေးစိတ်နဲ့ပြောတာလေ.. Taehyungက နားလည်ပေးလိုက်ပါကွာ"

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾On viuen les histories. Descobreix ara