ပုလင်းကိုငုံ့ကြည့်လျက် ရှန့်ချန်ခုန်းသည် ရုတ်တရက် သူ့နှလုံးသားအောက်ခြေမှပေါ်ပေါက်လာခဲ့သောအနွေးဓာတ်လေးကို ခံစားလိုက်ရသည်။ သူ၏အေးစက်နေသည့်ခန္ဓာကိုယ်အား နေရောင်ခြည်လေးက အရည်ပျော်သွားသလိုမျိုးပင်။

ရွှီလျန်က ထိုသို့သောကောင်းမွန်ပြီး ကြင်နာစိတ်ရှိသောသူတစ်ယောက် ၊ သူမကို သူ့လိုလူမျိုးက မမက်မောသင့်ဘဲ တန်ဖိုးထားသင့်တယ်။

သူအိမ်ပြန်ရောက်သည့်အချိန် တံခါးပိတ်လိုက်သည်။ ရှန့်နွမ်က သူ့အနားပြေးလာနေသည်ကိုမြင်ရုံသာမက လက်ထဲ၌လည်းဖုန်းကိုင်ထား၏။

"အစ်ကို အစ်ကို ညီမ မမရဲ့ Weibo ကိုတွေ့ပြီ၊ သူမဆိုင်မှာ အရင်အပတ်ကမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးတော့ ပစ္စည်းပို့အစ်ကိုတစ်ယောက်က သူမကိုကူညီခဲ့တယ်တဲ့... အဲဒီသူကအစ်ကိုလား?"

သူမလေးက ဖုန်းကို ရှန့်ချန်ခုန်းနားတိုးပြလိုက်ပြီး ဖုန်းမျက်နှာပြင်က သူ့ဘက်သို့ တိမ်းစောင်းသွား၏။

"ငါ သူမကို ဘာမှမကူညီခဲ့ပါဘူး.....'"

"အခြားဘယ်သူကမှလဲ သူမကိုကူညီခဲ့တဲ့သူလို့ စာမပြန်ခဲ့ဘူးလေ!"

ဤသို့သောကိစ္စတွေနှင့်ပတ်သက်လာလျှင် ရှန့်နွမ်ကဒုတိယပဲ ၊ ဟိုလိုလိုသည်လိုလို ရယ်မောလျက် သူမက

"အစ်ကို သူရဲကောင်းတစ်ယောက်လုပ်ခဲ့တာကြောင့် အစ်ကိုဒဏ်ရာရခဲ့တယ်... ဒီလိုအလှလေးတစ်ယောက်ကိုကယ်တင်လိုက်တာက လုံးဝထိုက်တန်တယ် ဒါဆို ညီမ မကြာခင် ယောက်မတစ်ယောက်ရတော့မှာလား?"

ရှန့်ချန်ခုန်း "............"

ရှန့်ချန်ခုန်းသည် သူမ၏ဖရဲသီးခေါင်းလေးအား ပွတ်သပ်လိုက်ပြီးနောက် အခန်းထဲသို့ဝင်သွားလျက်

"နင့်မှာဒီလိုမျိုးတွေတွေးဖို့အားရှိသေးတယ်ဆိုရင် နေ့ရောညပါစာလုပ်နေသင့်တယ် ဟုတ်တယ်မလား"

"ဘာလို့အဝေးထွက်ပြေးသွားတာလဲ အစ်ကိုရှက်နေတယ်လို့တော့မပြောနဲ့နော်?"

"ငါကဒီပုလင်းကိုငါ့အခန်းထဲမှာသွားထားမလို့ပါ နင့်လက်တွေသွားဆေးပြီးတော့မှစားပွဲကိုလာခဲ့"

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now